မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မိမိတို့အသင်းအနေဖြင့် လီဗာပူးလ်၊ မန်စီးတီးတို့နှင့်အပြိုင် ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် အင်္ဂါနေ့က လိုက်ပ်ဇစ်အသင်းကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီး ယနေ့(ဒီဇင်ဘာ ၁၂ ရက်)တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
ချန်ပီယံလိဂ်အုပ်စုအဆင့် ထွက်ခွာခဲ့ရခြင်းကြောင့် အနာဂတ်လှုပ်ခတ်နေသော်လည်း ဆိုးလ်ရှားက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းနှင့် ကစားမည့်ပွဲအတွက် ပြုလုပ်သည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်းရှိသလားဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းကို ဆိုးလ်ရှားက "ကျွန်တော်တို့အသင်းအနေနဲ့ ဒီရာသီမှာ တိုးတက်လာဦးမှာဖြစ်ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ရာသီထက် တိုးတက်ဖို့ လိုတယ်တာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီရာသီမှာ ဘယ်အသင်းကမှ ပြီးခဲ့တဲ့ရာသီကလို အမှတ်ဖြတ်နိုင်မယ်လို့ မထင်ပါဘူး။ ကျွန်တော့်အနေနဲ့ ပွဲစဉ်တစ်ပွဲချင်းစီတိုင်းကို အနိုင်ရအောင် ကြိုးစားသွားမှာပါ။ ပွဲစဉ်တိုင်းကို အနိုင်ရမယ်ဆိုရင် ရာသီအကုန်မှာ ချန်ပီယံဆုဖလားကို ရရှိမှာပါ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆိုးလ်ရှားက ယနေ့ ကစားမည့် မန်စီးတီးအသင်းနှင့် ပွဲစဉ်တွင် မိမိတို့အနေဖြင့် ကြောက်ရွံ့နေမည်မဟုတ်ဘဲ လိုက်ပ်ဇစ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် စိတ်ပျက်ခဲ့ရမှုများကို ချေဖျက်သွားရန် ဆန္ဒပြင်းပြနေကြောင်းလည်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)အပြီးတွင် ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေပြီး ရမှတ် (၁၉)မှတ်ဖြင့် အဆင့် (၇)နေရာ၌ ရပ်တည်နေကာ အမှတ်ပေးဇယားထိပ်ဆုံးမှ စပါးအသင်း(၂၄ မှတ်)နှင့် (၅)မှတ် ကွာဟနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
