အဲဗာတန်အသင်းနည်းပြ အန်ဆယ်လော့တီက သူကိုင်တွယ်ခဲ့ဖူးသည့် ကစားသမားဟောင်းတစ်ဦးဖြစ်သူ လမ်းပတ်အား ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည်ကို သဘောကျကြောင်း ပြောကြားခဲ့သည်။
အသက် (၆၁)နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီသည် ချယ်လ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ယင်းအချိန်တွင် လမ်းပတ်သည် အန်ဆယ်လော့တီလက်အောက်၌ ကစားသမားအဖြစ် ကစားခဲ့သူဖြစ်သည်။
အန်ဆယ်လော့တီ၏ အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အဖြစ် လမ်းပတ်၏ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ရာ အန်ဆယ်လော့တီအနေဖြင့် လမ်းပတ်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
"လမ်းပတ်ဟာ နည်းပြအလုပ်ကို အကောင်းဆုံးလုပ်ကိုင်နေပါတယ်။ ဒါဘီအသင်းကို ကိုင်တွယ်စဉ်ကတည်းက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို၊ ချယ်လ်ဆီးအသင်းမှာလည်း အကောင်းဆုံး စွမ်းဆောင်နေပါတယ်။ လမ်းပတ်ဟာ အရမ်းကောင်းတဲ့ အသင်းကို ပိုင်ဆိုင်ထားပြီး အကောင်းဆုံး စွမ်းဆောင်နေတာပါ။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ပြောင်းလဲသွားပါပြီ။ အရင်တုန်းက ကျွန်တော်နဲ့ သူက နည်းပြနဲ့ ကစားသမားဖြစ်ခဲ့ပြီး အခုတော့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါပြီ။ သူ့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာကို ကျွန်တော် သဘောကျသလို၊ ပျော်လည်း ပျော်ပါတယ်"ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
ထို့ုပြင် အန်ဆယ်လော့တီက ချယ်လ်ဆီးအသင်းနှင့် ကစားမည့်ပွဲစဉ်တွင် အသင်း၏အဓိကကွင်းလယ်ကစားသမားဖြစ်သူ ဟာမီးစ်ရိုဒရီဂွက်ဇ်မှာ ခြေသလုံးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အပြီးတွင် ရမှတ် (၁၇)မှတ်ဖြင့် အဆင့် (၉)နေရာ၌ ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းမှာမူ ရမှတ် (၂၂)မှတ်ဖြင့် အဆင့် (၃)နေရာတွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
