မန်စီးတီးနည်းပြ ဂွါဒီယိုလာက မန်ချက်စတာမြို့ခံပြိုင်ဘက်ဖြစ်သည့် ဆိုးလ်ရှားအနေဖြင့် ခက်ခဲသည့်အခြေအနေများကို ကိုင်တွယ်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာခဲ့ရသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး အသင်းနည်းပြ ဆိုးလ်ရှားမှာ ရာထူးမှထုတ်ပယ်ခံရတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သို့သော် ဂွါဒီယိုလာက ဆိုးလ်ရှားအနေဖြင့် လက်ရှိအခြေအနေများကို ကိုင်တွယ်နိုင်စွမ်းရှိကြောင်းနှင့် မိမိအနေဖြင့် ဆိုးလ်ရှားကို အကြံပေးစရာမလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက "ကျွန်တော်တို့ မြင့်မားတဲ့ လစာတွေ ရရှိနေတာဟာ အခုလို အခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့ပါပဲ။ အခုအချိန်မှာ အရေးကြီးဆုံးက ဆိုးလ်ရှားရဲ့တန်ဖိုးကို နားလည်ဖို့ပါ။ ကျွန်တော့်ကတော့ အဲဒီအတွက် သံသယမရှိပါဘူး။ ကျွန်တော့်အနေနဲ့ သူ့ကို အားပေးစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုးလ်ရှားဟာ အခုကြုံတွေ့နေရတဲ့ အခြေအနေတွေကို ကိုင်တွယ်နိုင်လောက်အောင် သန်မာသူဖြစ်လို့ပါပဲ။ သူ့အလုပ်ကို ဘယ်လိုအကောင်းဆုံး လုပ်ရမယ်ဆိုတာ သူ သိပါတယ်။ ကျွန်တော်တို့ ပွဲတွေ ဆက်တိုက်အနိုင်ရတဲ့အခါ လူတွေက ကျွန်တော်တို့ကို Genius လို့ ခေါ်ကြလိမ့်မယ်။ ကျွန်တော်တို့ ရှုံးပွဲတွေ တွေ့ခဲ့တဲ့အခါ လူတွေကို ကျွန်တော်တို့ကို ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုကြလိမ့်မယ်။ ဒါဟာ ယူနိုက်တက်မှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ ဘောလုံးလောကတစ်ခုလုံးက အဲဒီလိုပါပဲ"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၁၀)ပွဲကစားထားရာတွင် ရမှတ် (၁၉)မှတ်ဖြင့် အဆင့် (၇)နေရာ၌ ရပ်တည်နေပြီး မန်စီးတီးအသင်းမှာလည်း (၁၀)ပွဲကစားထားကာ ရမှတ် (၁၈)မှတ်ဖြင့် အဆင့် (၈)နေရာ၌ ရပ်တည်နေသည်။
၎င်းတို့နှစ်သင်းသည် ယနေ့(ဒီဇင်ဘာ ၁၂ ရက်၊ မြန်မာစံတော်ချိန် ည ၁၂:၀၀ နာရီ)တွင် မန်ယူအသင်း၏ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
