ကာဂလီယာရီ - အင်တာမီလန် (တနင်္ဂနွေညနေ ၆းဝ၀ နာရီ)
ဒီရာသီ စီးရီးအေအိမ်ကွင်း (၄)ပွဲမှာ တစ်ပွဲပဲရှုံးထားပေ မဲ့ ကာဂလီယာရီကို သိပ်ပြီးအထင်ကြီးလို့ မရဘူး။ ရင်ဆိုင်ခဲ့ ရတဲ့ပြိုင်ဘက်တွေထဲ လာဇီယိုတစ်သင်းသာ ထိပ်တန်းအဆင့် ပြိုင်ဘက်မျိုးပါဝင်ခဲ့လို့ အခုပွဲမှာလည်း အင်တာမီလန်ကို ကာ ဂလီယာရီ ယှဉ်ကစားနိုင်ဦးမယ်မထင်ဘူး။ အင်တာမီလန်က ပွဲကျပ်ကာလဖြတ်သန်းနေရပေမဲ့ အလှည့်ကျလူထုတ်ပုံနဲ့ အ လုပ်ဖြစ်နေတယ်။ အင်တာမီလန် ကပ်နိုင်မယ်ထင်တယ်။
အတ္တလန်တာ - ဖီအိုရင်တီးနား (တနင်္ဂနွေည ၈း၃၀ နာရီ)
နှစ်သင်းစလုံး စီးရီးအေမှာ ရုန်းကန်နေရတယ်။ ယုံကြည် မှုပျောက်ဆုံးနေပုံချင်းလည်း တူညီနေပါတယ်။ ကစားသမား စုဖွဲ့မှုအရ အတ္တလန်တာ သာသလို၊ အိမ်ကွင်းနောက်ဆုံး (၆)ပွဲဆက် (၃)ပွဲသရေ၊ (၃)ပွဲရှုံးပြီး နိုင်ပွဲပျောက်ဆုံးထားတဲ့ မှတ် တမ်းဆိုးကိုလည်း ရပ်တန့်ရမှာဖြစ်လို့ အတ္တလန်တာ မဖြစ်မနေ အနိုင်ကစားပါလိမ့်မယ်။ တိုက်စစ်အားနည်းလွန်းတဲ့ ဖီအိုရင် တီးနားကြောင့် အတ္တလန်တာနဲ့ ဂိုးအနည်းဖြစ်လာနိုင်တယ်။
ဘိုလော့ဂ်နာ - ရိုးမား (တနင်္ဂနွေည ၈း၃၀ နာရီ)
အစဉ်အလာအရ ဘိုလော့ဂ်နာကွင်းမှာ ရိုးမား ရုန်းကန် ရလေ့ရှိတယ်။ တိုက်စစ်မှာ ပတ်ဒရို မပါဝင်နိုင်ဘူးဆိုရင် ရိုးမား တိုက်စစ် ဟန်ချက်ပိုပြီးယိမ်းယိုင်သွားနိုင်တယ်။ ဆာဆူအိုလိုနဲ့ ပွဲတုန်းက အခွင့်အရေးများစွာရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ ရိုးမား နစ်နာခဲ့ရတယ်။ ဒီပွဲက ဆာဆူအိုလိုနဲ့ပွဲတုန်းကထက် ရိုးမားပို ခက်ခဲနိုင်ပြီး ဘိုလော့ဂ်နာရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း သ တိထားရမယ်။ ဘိုလော့ဂ်နာ အမှတ်ရသွားနိုင်တယ်။
နာပိုလီ - ဆမ်ဒိုးရီးယား (တနင်္ဂနွေည ၈း၃၀ နာရီ)
နာပိုလီတိုက်စစ်က Rhythm ပြန်မိလာပါပြီ။ ရိုးမားနဲ့ ခရိုတိုနီကို (၂)ပွဲဆက် (၄)ဂိုးသွင်းပြီး အနိုင်ရခဲ့လို့ လမ်းကြောင်းမှန် ပေါ် ပြန်ရောက်လာတာပါပဲ။ ခရိုတိုနီနဲ့ပွဲမှာ ကစားသမားတစ်ဦးအသာရလို့ ဂိုးပြတ်နိုင်ခဲ့တယ်လို့ သတ်မှတ်နိုင်ပေမဲ့ နာပိုလီ တိုက်စစ်က အပြောင်းအလဲလုပ်လို့ရမယ့် ကစားသမားတွေ ပေါများနေပြီး အသင်းတိုင်းရဲ့ခံစစ်ကို ကြီးမားစွာခြိမ်းခြောက်နိုင် စွမ်းရှိပါတယ်။ ဆမ်ဒိုးရီးယားက နောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး (၄)ပွဲအထိ ရှုံးနိမ့်ထားတယ်။ ကစားပုံကောင်းမွန် ပေမဲ့ တိုက်စစ်မှာ ကွာဂလီရယ်လာကို အားကိုးနေရဆဲဖြစ်လို့ စိတ်ပျက်စရာပါပဲ။ ယန့်တိုက ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင် ရတဲ့အခါ ခံစစ်ကို ပိုပြီးကူညီနေရလို့လည်း ဆမ်ဒိုးရီးယားတိုက်စစ် ဟန်ချက်ပျက်နေတာပါပဲ။ တိုက်စစ်ထက်မြက်နေတဲ့ နာပိုလီ ကြောင့် ဒီပွဲက ဂိုးများနိုင်တဲ့ပွဲမျိုးဖြစ်ပြီး ပုံမှန်အတိုင်းဆိုရင် နာပိုလီ နိုင်ပါလိမ့်မယ်။
ဂျီနိုအာ - ဂျူဗင်တပ်စ် (တနင်္ဂနွေည ၁၁း၃၀ နာရီ)
ခိုင်မာတဲ့ကွင်းလယ်ကစားဟန်ကို ဂျူဗင်တပ်စ်နည်းပြ ပီယာလို တည်ဆောက်ထား နိုင်ပြီး ကွင်းလယ်လုပ်အားနှုန်း တိုးတက်လာတာနဲ့အတူ ဂျူဗင်တပ်စ်ရဲ့ အောင်ပွဲတွေလည်း ပိုပြီးမြင်လာရတယ်။ သွင်းဂိုးတွေအတွက် မနှစ်တုန်းက စီရော်နယ်လ်ဒိုတစ်ဦးတည်းကို မှီခိုနေရပေမဲ့ ဒီရာသီမှာ ဂိုးသွင်းနိုင်သူတွေ ပိုများလာတယ်။ ဂျီနိုအာက တစ်မှတ်မျှော်လင့် နိုင်ပေမဲ့ ဂျူဗင်တပ်စ် (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။
အေစီမီလန် - ပါးမား (တနင်္လာနံနက် ၂း၁၅ နာရီ)
ပါးမားရဲ့ တန်ပြန်တိုက်စစ်တွေကို ဂရုစိုက်ရမှာကလွဲပြီး အေစီမီလန်အတွက် အခက်အခဲ သိပ်မရှိတဲ့ပွဲပါပဲ။ ဂိုးသွင်းမှတ် တမ်းကောင်းတွေနဲ့ နိုင်ပွဲမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အေစီမီလန် အမှတ်ပြည့်ရပါလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
