ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ပြည် တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အခွန် ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့သည် ပေးသွင်း ရန်ငွေထက် ပိုမိုတောင်းခံခြင်း၊ အိမ်းငှားရငွေ အပေါ် အခွန်ဟုဆိုကာ တောင်းခံသည်ဟု တိုင်ကြားခံရပြီး ၎င်းင်းတို့နှစ်ဦးကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် ထားကြောင်း သိရသည်။
မင်းလှမြို့နေ နစ်နာသူက ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း မင်းလှမြို့၌ တိုက်အိမ် ဆောက်လုပ်မှုနှင့်ပတ်သက်၍ ပြည်တွင်း အခွန်ဦးစီးဌာနသို့ အခွန်စည်းကြပ်ငွေ အချိန်မီပေးသွင်းခဲ့သော်လည်း ပေးသွင်းရန် ငွေထက် ပိုမိုတောင်းခံခြင်းနှင့် အိမ်ငှားရမ်း ရာတွင်လည်း အိမ်ငှားရငွေအပေါ် အခွန်ဟု ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံနေခြင်းတို့ ပြုလုပ်နေသည့် မြို့နယ်ဦးစီးဌာနမှူး ဒုတိယ ဦးစီးမှူး ဦးခင်မောင်သန်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင်တို့ကို အရေးယူပေးရန် ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေး ရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး မင်းလှမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်ဦး စီးဌာနမှူးတာဝန် ဒုတိယဦးစီးမှူး ဦးခင် မောင်သန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အေး အေးခိုင်တို့သည် မင်းလှမြို့ အမှတ်(၇) ရပ် ကွက် တောင်ဘက်မြို့သစ်(၂)လမ်း နေအိမ် နှင့်ပတ်သက်၍ အိမ်ပိုင်ရှင်ထံမှ လူကြီးများ ကို ဂါရဝပြုရန်နှင့် ခရီးစရိတ်အဖြစ် ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ မင်းလှမြို့နယ် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ ငါး ဖွဲ့သို့ သွားရောက်လက်မှတ်ရေးထိုးခအဖြစ် ကျပ် ၂၃၀၀၀၀ ကိုလည်းကောင်း၊ တောင် ဘက် မြို့သစ် (၁၃)လမ်း နေအိမ်နှင့် စပ် လျဉ်း၍ စည်းကြပ်ဝင်ငွေခွန်အဖြစ် ကျပ် ၁၇ သိန်း တောင်းခံရယူခဲ့ကြောင်း သိရသည်။
သို့သော် မြန်မာ့စီးပွားရေးဘဏ်ပြေစာအရ စည်းကြပ်ဝင်ငွေခွန် စုစုပေါင်း ပေးသွင်း ငွေမှာ ၁၂၃၈၈၀၀ ဖြစ်သဖြင့် ကျန်သည့် ပိုငွေ ၄၆၁၂၀၀ ကိုလည်းကောင်း လက်ခံရ ယူခဲ့ခြင်းသည် ၎င်းင်းတို့၏ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
