အရောင်းကိုယ်စားလှယ်များ ရရှိမည့် လက်ကျန်ငွေများနှင့် ပတ်သက်၍ ပြန်လည် ဆက်သွယ်မည့်အချိန်ထိ စောင့်ဆိုင်းပေးလိုကြောင်း Red Dot ကုမ္ပဏီမှ York Center ခြံဝန်းရှေ့တွင် ယမန်နေ့ညက စာကပ်သွားကြောင်း သိရသည်။
“ကုမ္ပဏီ ပိတ်သိမ်းကြောင်း စာရွက်တွေကိုတော့ မနေ့ညက လာကပ်သွားတယ်။ ကုမ္ပဏီကိုတော့ ဖေဖော်ဝါရီ ၄ ရက်က ပိတ်သွားတာပါ။ ဝန်ထမ်းတွေလည်း လာမဆင်းတော့ဘူး။ ကျွန်တော်တို ့ York Center က သူဌေးကိုလည်း ရုံးခန်းဌားခ တစ်နှစ်စာပေးဖို့ ကျန်သေးတယ်” ဟု York Center မှ လုံခြုံရေးတစ်ဦးက ပြောကြားသည်။
Red Dot Company သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် လုပ်ငန်းစတင် ပိတ်သိမ်းခဲ့ပြီး ကုမ္ပဏီနှင့် သက်ဆိုင်သော ကိစ္စအဝဝအား ဖြေရှင်းပေးရန် သက်ဆိုင်ရာဥပဒေ အဖွဲ့အစည်းနှင့် စတင်ညှိနှိုင်းလျက်ရှိကြောင်း စာကပ်ထားသည်။
Red Dot ကုမ္ပဏီမှ လာကပ်ထားသည့် စာတွင် “လူကြီးမင်းများ၏ ရရှိရန်ရှိသော ငွေလက်ကျန်များကို သက်ဆိုင်ရာ ဥပဒေအဖွဲ့အစည်းမှ ဆက်သွယ် ဆောင်ရွက်ပေးရန် လုပ်ဆောင်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍ ဆက်သွယ်မည့် အချိန်ကာလတိုင်အောင် စောင့်ဆိုင်းပေးစေလိုပါသည်” ဟု ရေးသားထားသည်ကို တွေ့ရသည်။
ထို့ပြင် Red Dot ကုမ္ပဏီအား ဆက်သွယ်ရန် စာတစ်စောင် ပူးတွဲကပ်ထားပြီး လုပ်ငန်းကိစ္စများ ဆွေးနွေးရန် info@reddotnet-work.com ဆိုသည့် Email လိပ်စာအား ဆက်သွယ်ပါရန် ရေးသားထားသည်ကို တွေ့ရသည်။
“ ကျွန်တော်တို ့ ၂၀၁၅ ကတည်းက Red Dot ကိုယ်စားလှယ်အဖြစ် စာချုပ်ချုပ်ပြီး စက်တပ်ဆင်ခအဖြစ် စပေါ်ငွေ ၇၅၀၀၀ ပေးခဲ့ရတယ်။၂၀၁၈ နိုဝင်ဘာကတည်းက Red Dot စက်က network error တက်တယ်။ ကျွန်တော်လည်း ဆက်မသုံးချင်တော့လို ့စက်ပြန်အပ်ပြီး စပေါ်ငွေနဲ့ စက်ထဲက လက်ကျန်ပိုက်ဆံ ပြန်ထုတ်ချင်တယ်လို ့ ကုမ္ပဏီကိုပြောတော့ သူတို့က နှစ်လလောက် စောင့်ပေးပါ ပြောလို့စောင့်ပေးတယ်။ အခုဒီလိုတွေ ဖြစ်တော့ ကျွန်တော်တို ့ ကိုယ်စားလှယ်တွေ နစ်နာရပါတယ်” ဟု Red Dot ကိုယ်စားလှယ်တစ်ဦး ကပြောကြားသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် တွင် Red dot Network လူမှုကွန်ရက်မှ network မတည်ငြိမ်မှုများနှင့် ပက်သက်၍ Red Dot ကိုယ်စားလှယ်များအား တရားဝင် အသိပေးပြီး နောက်နှစ်လအကြာတွင် ကုမ္ပဏီပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
Red Dot ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်သူများမှာ မြန်မာနိုင်ငံ တဝှမ်းလုံးနီးပါးတွင်ရှိပြီး လက်ရှိအခြေအနေများကြောင့် အရောင်းကိုယ်စားလှယ်များမှာ လက်ကျန်ငွေများ မရရှိသေးကြောင်း အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
