နိုင်ငံပိုင်ဆေးရုံကြီးများတွင် တစ်နှစ်လျှင် ပြင်ပလူနာ၊ အတွင်းလူနာ သန်းနှင့်ချီ တက်ရောက် ကုသနေခြင်းကြောင့် အဖြစ်များသော ရောဂါကြီးများအတွက် အထူးကုဌာနကြီးများ သီးခြားစီထားရှိရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် တစ်နှစ်တာ ကာလအတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများတွင် တက်ရောက်ဆေးကုသခဲ့သည့် ပြင်ပလူနာပေါင်း ကိုးသန်းကျော်၊ အတွင်းလူနာပေါင်း ၂ ဒသမ ၅ သန်းကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှု များပေးခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူသူ လူနာဦးရေ နှစ်စဉ်မြင့် တက်လျက် ရှိသည့်အတွက် ပြည်သူ့ဆေးရုံကြီးများကို အဆင့်မြှင့်တင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာ နှင့် သင်္ဃန်းကျွန်းဆေးရုံကြီးများကို ယခင်က ထက် အဆင့်မြှင့်တင်နေပြီး အရေးပေါ် လူနာကယ်ဆယ်ရေး လုပ်ငန်းအတွက် လိုအပ်သော လူအင်အား၊ စက်ပစ္စည်းများကိုလည်း တိုးချဲ့ လုပ်ဆောင်ပေးလျက် ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အထူးကုဆေးရုံပေါင်း ၁၄ ရုံ၊ သင်ကြားရေးဆေးရုံ သုံးရုံ၊ ခုတင် ၅၀၀ ဆံ့ နှစ်ရုံ၊ ခုတင်၂၀၀ ဆံ့ လေးရုံ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံ တစ်ရုံ၊ ခုတင် ၅၀ ဆံ့နှင့် ၂၅ ခုတင်ဆံ့ ဆေးရုံ ၁၁ ရုံစီ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ လေးရုံ၊ တိုက်နယ်ဆေးရုံ ၃၃ ရုံရှိပြီး စုစုပေါင်း ဆေးရုံ ၈၃ ရုံရှိကြောင်းနှင့် ခွင့်ပြုခုတင် စုစုပေါင်း ၁၁၄၃၅ ခုတင်ရှိကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ကျန်းမာရေးဌာနပေါင်း ၁၇၇၈ခု ဆောက်လုပ်ထားပြီး ကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း ၉၀၈၃ ခုရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း (၂ ဒသမ ၅ သန်း) သည် ဆီးချိုသွေးချို ဖြစ်ပွားမှုရှိနေပြီး ဆီးချိုသွေးချို ဖြစ်ပွားနိုင်ခြေရှိသူ အကြိုလူနာဦးရေမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်း (၅သန်း) ရှိနေကြောင်း၊ သွေးတိုးရောဂါရှိသူ ၂၆ ဒသမ ၄ ရာခိုင်နှုန်း (၆ ဒသမ ၃ သန်း)၊ သွေးထဲတွင် အဆီဓာတ်များနေသူ ၃၆ ဒသမ ၇ ရာခိုင်နှုန်း (၈ ဒသမ ၈သန်း)၊ ဝသူ ၅ ဒသမ ၅ ရာခိုင်နှုန်း(၁ ဒသမ ၃ သန်း)၊ အဝလွန်သူ ၂၂ ဒသမ ၄ ရာခိုင်နှုန်း(၅ ဒသ မ ၃ သန်း)၊ ဆေးလိပ်သောက်သူ ၂၆ ဒသမ ၁ ရာခိုင်နှုန်း (၆ ဒသမ ၂ သန်း)၊ ကွမ်းစားသူ ၄၃ ဒသမ ၂ ရာခိုင်နှုန်း(၁၀ ဒသမ ၃ သန်း)၊ အရက်သောက်သူ ၁၉ ဒသမ ၈ ရာခိုင်နှုန်း (၄ ဒသမ ၇ သန်း) နှင့် အရက်အလွန်အကျွံ သောက်သူ ၁၀ ဒသမ ၃ ရာခိုင်နှုန်း (၂ ဒသမ ၄ သန်း ) ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သော ဆယ်စုနှစ် တစ်ခုကျော်မှစတင်ကာ ဆီးချိုသွေးချိုရောဂါ၊ နှလုံး၊ သွေးတိုး၊ဆီးချို၊ ကင်ဆာစ သည့် ရောဂါများဖြစ်ပွားမှုမှာ မြင့်တက်လာကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
