လှည်းကူးမြို့နယ်တွင် လယ်ယာမြေများအား စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ ပလပ်ထားခြင်း၊ ခြံစည်းရိုးများကာရံထားခြင်း၊ ကျောက်တိုင်များစိုက်ထူခြင်း၊ အဆောက်အအုံငယ် များဆောက်လုပ်မှုများရှိနေကြောင်း လှည်းကူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းက ဖေဖော်ဝါရီ ၅ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားသည်။
“ပုံစံ (၇) ရရှိထားတဲ့ လယ်ယာမြေတွေကို စိုက်ပျိုးလုပ်ကိုင်ထားခြင်းမရှိဘဲနဲ့ ပလပ်ထားတာတွေ၊ ခြံစည်းရိုးကာရံထားတာတွေ၊ ကျောက်တိုင်များ စိုက်ထူထားတာတွေ၊ အဆောက်အဦးငယ်တွေ ဆောက်လုပ်ထားတာက တည်ဆဲဥပဒေကို ချိုးဖောက်နေတဲ့အတွက် မေးခွန်းမေးမြန်းရတာ ဖြစ်ပါတယ် ဟု ဒေါ်မြတ်မာလာထွန်းက ပြောကြားသည်။
လှည်းကူးမြို့နယ်အတွင်း လုပ်ပိုင်ခွင့်ပုံစံ (၇) ချထားပေးသည့် လယ်ယာမြေများစွာရှိကြောင်း၊ ယင်းလယ်ယာမြေအချို့တွင် သီးနှံများ စိုက်ပျိုးခြင်းမရှိဘဲ ပလပ်ထားခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း၊ ကျောက်တိုင်များ စိုက်ထူခြင်း၊ အဆောက်အအုံငယ်များ ဆောက်လုပ်ထားသည်ကို တွေ့ရှိရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ပုံစံ(၇) ရရှိပါလျက်နဲ့ ထွန်ယက်စိုက်ပျိုးခြင် းမရှိတဲ့အတွက်ကြောင့် နိုင်ငံတော်စားနပ်ရိက္ခာဖူလုံမှုအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ အရေးကြီးဆုံးအချက်မှာ ထွန်ယက်စိုက်ပျိုးခြင်းမရှိဘဲ ပလပ်မြေအဖြစ် ရှိနေတဲ့အတွက်ကြောင့် ကျူးကျော်မှုများစွာ ဖြစ်ပေါ်စေပါတယ်။ လယ်ယာမြေ အငြင်းပွားမှုများကို တွေ့ကြုံနေရပါတယ်။ မလိုလားအပ်တဲ့ ဥပဒေမဲ့ဖြစ်ရပ်များဖြစ်နိုင်တဲ့ အနေအထားရှိနေတဲ့အတွက် ရန်ကုန်တိုင်းအစိုးရက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါတယ်” ဟု ဒေါ်မြတ်မာလာထွန်းက ပြောကြားသည်။
အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြန်လည်ဖြေကြားရာတွင် လယ် ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်း၊ မြေဖို့ခြင်း၊ ငါးမွေးကန်တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ပလပ်မြေအဖြစ်ထားရှိခြင်းများ မပြုလုပ်ရန် မြို့နယ်အတွင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
“၂၀၁၈ သြဂုတ် ၁၃ ရက်နေ့မှာ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအရ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် မရှိဘဲ အခြားနည်းအသုံးပြုခဲ့ပါက သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းရမည်ဖြစ်ပါတယ်။ အဆင့်ဆင့်သော လယ်ယာမြေစိစစ်ရေးအဖွဲ့များအား အသိပေးညွှန်ကြားထားရန်ဆုံးဖြတ်ချက်ကို ဆောင်ရွက်ထားပြီးဖြစ်ပါတယ်” ဟု ဝန်ကြီးဦးဟံထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
