သူရဦးရွှေမန်း ဦးဆောင်မည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်ခွင့် ရရှိနိုင်ရန် ပါတီဖြစ်မြောက်ရေး အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၅ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ လာရောက် တင်ပြခဲ့ကြောင်း သိရသည်။
“ဒီနေ့ ပါတီ တည်ထောင်ဖို့အတွက် လာရောက်ေလျှောက်ထားတာ။ လက်ခံလိုက်ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ အချက်အလက်တွေ ပြည့်စုံတဲ့အတွက် လက်ခံတဲ့အကြောင်း ပြန်ပြီးတော့ ဖြတ်ပိုင်းပေးလိုက်ပါတယ်”ဟု နိုင်ငံရေးပါတီ စတင်တည်ထောင် ဖွဲ့စည်းရေး အဖွဲ့ဝင် ဦးကျော်ဆန်းက ပြောကြားသည်။
ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီတည်ထောင်ခွင့် ရရှိရန် တင်ပြသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပုဂ္ဂိုလ် ၁၂ ဦး ပါဝင်ကြောင်း ဦးကျော်ဆန်းက ပြောကြားသည်။
ဦးကျော်ဆန်းက “ပါတီကတော့ နာမည်က တို့ပါတီက နိုင်ငံနှင့်ပြည်သူအကျိုးကို ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီလို့ နာမည်ပေးထားပါတယ်။ ရည်ရွယ်ချက်တွေတော့ ရှိတာပေါ့။ နိုင်ငံနဲ့ ပြည်သူတွေအတွက်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့အတွက်၊ နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်၊ တရားဥပဒေ စိုးမိုးရေးတွေ ကောင်းမွန်ဖို့အတွက်၊ နိုင်ငံအကျိုး ပြည်သူ့အကျိုး ဒါတွေကို ရည်ရွယ်ချက်တွေ ချပြီးတော့မှ လုပ်မှာပါ။ ပြည်သူတွေက ပြန်ပြီး အကြံပေးတဲ့အချက်တွေ ရှိရင်လည်း ကျွန်တော်တို့ ဒါတွေကို ဆောင်ရွက်သွားမှာ။ လုပ်သွားမှာပါ”ဟု ပြောကြားသည်။
သူရဦးရွှေမန်း ဦးဆောင်မည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖြစ်မြောက်ရေးအဖွဲ့ဝင် ၁၉ ဦးတွင် စစ်ဘက် အငြိမ်းစားပုဂ္ဂိုလ် ခုနစ်ဦးနှင့် အရပ်ဘက်မှ ပုဂ္ဂိုလ် ၁၂ ဦး ပါဝင်မည်ဖြစ်ပြီး တပ်မတော် အငြိမ်းစားပုဂ္ဂိုလ် ခုနစ်ဦးတွင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရသည့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း လေးဦး ပါဝင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
