(၁၆) ကြိမ်မြောက် (သောဠသမအကြိမ်) ဗုဒ္ဓဂယာ မဟာကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို အောက်တိုဘာ ၂၇ ရက်တွင်ကျင်းပခဲ့သည်။
အိန္ဒိယနိုင်ငံ၊ မဇ္စျိမဒေသ-ဗုဒ္ဓဂယာတွင် မဟာကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်း အနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရမှ နှစ်စဉ်ကျင်းပလျက်ရှိရာ ယခု (၁၆) ကြိမ်မြောက် (သောဠသမအကြိမ်) ဗုဒ္ဓဂယာ မဟာကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့၊ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် အိန္ဒိယနိုင်ငံ၌ သီတင်းသုံးနေကြသော မြန်မာဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင် ဆရာတော်ကြီးများနှင့် သံဃာတော်များ၊ ကိုရင်များ၊ သီလရှင်များနှင့် တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြားနေသော သံဃာတော်များ/သီလရှင်များအား လှူဖွယ်ဝတ္ထုနှင့် မဟာဘုံကထိန် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါမဟာကထိန် အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သံအမတ်ကြီး ဦးဇော်ဦးအပါအဝင် အခြားတာဝန်ရှိသူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
