ယခုဘဏ္ဍာနှစ်၏ ခြောက်လတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၁၄၉)သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ် ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ပြောပြချက်အရ သိရသည်။
၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့် တန်ချိန် စုစုပေါင်း (၇၆ ၆ ဒသမ ၀၂) မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၁၄၉)သန်း ရရှိခဲ့ကြောင်း သိရသည်။
ယင်းတွင် ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည် တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ်တန် ၇၁၈ ဒသမ ၂၂ တန်တင်ပို့ပြီး နယ်စပ်ကုန်သွယ်ရေးမှ ၄၇ ဒသမ ၈ တန်တင်ပို့ခဲ့ရာ စုစုပေါင်း ပြည်ပသို့ ပျားရည် ၇၆၆ ဒ သမ ဝ၂ တန် တင်ပို့ထားခြင်းဖြစ်သည်။
ထိုသို့တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၅ ၁၆ ဒသမ ၁၂ တန်ဖြင့် အများဆုံးတင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၇၇၄၇၈၀၊ တောင်ကိုရီးယားနိုင်ငံသို့ ပျားရည်မက် ထရစ်တန် သုည ဒသမ ၅ တန် တင်ပို့ပြီး အမေရိကန်ဒေါ် လာ ၇၅၀၊ ထိုင်းနိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၂၀၁ ဒ သမ ၆ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃၀၂၄၀၀၊ တ ရုတ်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၄၅ ဒသမ ၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၈၆၉၆ ဒေါ်လာ၊ တရုတ် (တိုင်ပေ)သို့ ပျားရည်မက်ထရစ်တန် နှစ်တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃၀၀၃ ဒေါ်လာရရှိထားကြောင်း သိရသည်။
ပြည်တွင်းပျားရည်ကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)တို့သို့ ပုံမှန်တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီး ပျားရည်ဟူ၍ ထုတ်လုပ်ပြီး ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
