◘ အေစီမီလန် - နာပိုလီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၁၅ နာရီ)
ဒီရာသီ အေစီမီလန်ရဲ့အိမ်ကွင်းရလဒ်က တည်ငြိမ်မှုရှိပါတယ်။ စီးရီးအေအိမ်ကွင်း (၄)ပွဲကစားထားရာမှာ (၁၀)မှတ်အထိ ရယူနိုင်ခဲ့ပြီး Clean Sheet နိုင်ပွဲတွေလည်း ရယူနိုင်ခဲ့တယ်။ နည်းပြ ကွန်တီရဲ့ နာပိုလီကလည်း ပုံစံကောင်းပြနေတဲ့အသင်းဖြစ်ပြီး မြိုင်ဆိုင်တဲ့ တိုက်စစ်ကစားပုံကိုလည်း တွေ့ရတယ်။ အဝေးကွင်းဖြစ်ပေမဲ့ နာပိုလီအသင်း အနည်းဆုံးသရေကစားလိမ့်မယ်။ (၂)သင်းပေါင်းသွင်းဂိုးအများကို ကြိုက်ပါတယ်။
◘ ကာဂလီယာရီ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ဝဝးဝ၀ နာရီ)
ကာဂလီယာရီက အိမ်ကွင်းနောက်ဆုံးပွဲမှာ တိုရီနိုကို အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တယ်။ ဘိုလော့ဂ်နာကတော့ သရေပွဲတွေများနေပြီး ပြီးခဲ့တဲ့ရာသီကလောက် အားရစရာအနေအထား မတွေ့ရသေးဘူး။ ဒါပေမဲ့ ဒီပွဲတော့ ဘိုလော့ဂ်နာ ရလဒ်ကောင်းနိုင်တယ်။ (၂)သင်းပေါင်း သွင်းဂိုးများနိုင်ပြီး ဘိုလော့ဂ်နာ အနိုင်ရသွားလိမ့်မယ်။
◘ လက်ချီ - ဗီရိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ဝဝးဝ၀ နာရီ)
လက်ချီက နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး တစ်ဂိုးမှလည်း မသွင်းနိုင်ခဲ့ဘူး။ ဗီရိုနာကလည်း ဂိုးအလှူပေးနေရတဲ့အသင်းပါ။ လက်ချီကို ကြိုက်တယ်။
◘ ဗီယာမူရီယဲလ် - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ဝဝး၃၀ နာရီ)
ဗယ်လက်ကာနိုရဲ့ လက်ရှိခြေစွမ်းက ကျေနပ်လောက်တဲ့ အနေအထားမှာရှိပါတယ်။ ဒါကြောင့် ဒီလိုပွဲမျိုးမှာလည်း ဂိုးမြူးနိုင်ခြေရှိပါတယ်။
◘ ကွန်ပိုစတယ်လာ - အလာဗတ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ဝဝး၃၀ နာရီ)
ကွန်ပိုစတယ်လာက လိဂ်အဆင့်(၄)ကဖြစ်တာကြောင့် လာလီဂါကလပ်တွေ ရင်ဆိုင်ရတဲ့အထဲ အဆင့်အမြင့်ဆုံးပါ။ ဒါကြောင့် အလာဗတ်စ် သတိထားရမှာပါ။ ဂိုးမပြတ်နိုင်ပါဘူး။
◘ အာစတူ - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၃၀ နာရီ)
တန်းဆင်းဇုန်ထဲက ဗယ်လာဒိုလစ်အတွက် ဘုရင့်ဖလားက မက်မောစရာမဟုတ်ပါဘူး။ ဒါပေမဲ့ အာစတူကလည်း လိဂ်အဆင့်(၆)က ဖြစ်နေလို့ အနိုင်ရနိုင်ပါတယ်။
◘ ပိုဘလန့် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၃၀ နာရီ)
ပိုဘလန့်က လိဂ်အဆင့်(၅)က အသင်းပါ။ အိမ်ကွင်းကောင်းတဲ့စာရင်းထဲ ပါဝင်ပေမဲ့ ဗီလာရီးယဲလ်ကို ဒုက္ခပေးနိုင်ဖို့တော့ မရှိပါဘူး။ လာလီဂါအမှတ်ပေးဇယားမှာ တတိယနေရာရောက်နေတဲ့ ဗီလာရီးယဲလ် ဂိုးပြတ်သွင်းမှာ သေချာပါတယ်။
◘ စပိန်ဘုရင့်ဖလား အခြားပွဲစဉ်များ
ဂီဟွယ်လို - အိုရန်ဆီ*
ရီးယဲလ်ဟိုင်း - ကာဒစ်ဇ်*
လော်စပီတာလတ် - ဇာရာဂိုဇာ*
လန်ဇာရော့တေ - ရေးဆင်း*
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
