ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမားဟောင်း အွန်နရီက ရီးယဲလ်နည်းပြဟောင်း ဇီဒန်းသည် မန်ယူအသင်းကို ကိုင်တွယ်မည်မဟုတ်ဘဲ ၎င်းအနေဖြင့် ပြင်သစ်လက်ရွေးစင်နည်းပြရာထူးကိုသာ စောင့်မျှော်နေသည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့တွင် နယ်သာလန်နည်းပြ အဲရစ်တန်ဟက်ဂ်ကို ရာထူးမှ ရုတ်တရက်ထုတ်ပယ်ကာ လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့သည်။
နစ္စတယ်ရွိုင်းသည် မန်ယူအသင်း၏ အမြဲတမ်းနည်းပြအဖြစ် တာဝန်ပေးခံရနိုင်သည့်စာရင်းထဲတွင် ပါဝင်နေသော်လည်း ထိပ်တန်းနည်းပြတစ်ဦးဦးကိုသာ ခန့်အပ်ဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။
လက်ရှိအချိန်၌ မန်ယူအသင်း၏ နည်းပြရာထူးအတွက် နည်းပြများစွာ လျာထားခံနေရရာ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းလည်း ပါဝင်နေခြင်းဖြစ်သည်။
ဇီဒန်းသည် ရီးယဲလ်အသင်းတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သောကြောင့် အသင်းလက်မဲ့ဖြစ်နေစဉ်ကာလအတွင်း ၎င်းကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် လိုလားနေသည့် ကလပ်အသင်းများစွာလည်း ရှိနေသည်။
ယင်းအသင်းများထဲတွင် မန်ယူအသင်းလည်း ပါဝင်ခဲ့ပြီး အွန်နရီကမူ ''ကျွန်တော်ကတော့ သူ လက်ရွေးစင်အသင်းကို စောင့်နေတယ်လို့ပဲ ထင်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကို သွားမယ်လို့လည်း မထင်ပါဘူး။ ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ဖလား (၃)လုံးရယူခဲ့ပြီးတဲ့နောက် တခြားကလပ်ကို ကိုင်တွယ်မှာမဟုတ်တော့ပါဘူး''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
