ရီးယဲလ်မက်ဒရစ်အသင်းက အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ် Ballon d'Or ဆုမရှိခြင်းကို အနီးကပ်မှ သိရှိရခြင်းမှာ Ballon d'Or ဆုရွေးချယ်ရေးအဖွဲ့နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ လေးစားမှုမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။
ယခုနှစ် Ballon d'Or ဆုကို ဘရာဇီးလ် လက်ရွေးစင်ကစားသမား ဗင်နီစီယပ်စ် ရရှိမည်ဟု တောက်လျှောက်ရေပန်းစားခဲ့ကာ ဆုချီးမြှင့်ပွဲအခမ်းအနားမကျင်းပမီ နာရီပိုင်းအလိုအထိ ဖြစ်ခဲ့သည်။
သို့သော် ပြင်သစ် အားကစားမီဒီယာ RMC Sport က ယခုနှစ် Ballon d'Or ဆုကို ရေပန်းစားနေသည့် ဗင်နီစီယပ်စ် ရရှိမည်မဟုတ်ဘဲ မန်စီးတီးနှင့် စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမား ရိုဒရီသာ အကောင်းဆုံးဆုရှင် ဖြစ်လာမည်ဟု ရေးသားပြီးနောက် အားလုံး Shock ရစေခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကလည်း အသင်းသားများနှင့်အတူ ပါရီသို့ ဆုချီးမြှင့်ပွဲတက်ရောက်ရန် စီစဉ်ထားမှုကို ချက်ချင်းရုပ်သိမ်းခဲ့သည်။ "ဆုရဲ့ စံနှုန်းတွေရဲ့ ဗင်နီစီယပ်စ် မကိုက်ညီဘူးဆိုရင် အားလုံးကိုက်ညီတဲ့ ကာဗာဟယ်လ်က Winner ဖြစ်သင့်ပါတယ်။ ဒီလုပ်ရပ်ဟာ Ballon d'Or နဲ့ UEFA က ရီးယဲလ်မက်ဒရစ် အသင်းအပေါ် လေးစားမှုမရှိတာ သိသာပါတယ်။ ဒါကြောင့် ရီးယဲလ်အသင်းကလည်း လေးစားမှုမရှိတဲ့နေရာကို မသွားရောက်ခဲ့တာပါ"ဟု ရီးယဲလ်အသင်းက AFP သတင်းဌာနနှင့် စပိန်မီဒီယာအချို့ကို ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသားများသည် ဆုချီးမြှင့်ပွဲ အခမ်းအနား မတက်ရောက်သော်လည်း အကောင်းဆုံး နည်းပြဆု၊ ကလပ်အသင်းဆု နှင့် တိုက်စစ်မှူးဆုစသည့် ဆုသုံးဆု ဆွတ်ခူးရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
