ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင်အတွင်း ထိခိုက်ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ မှီခိုသူ အကျိုးခံစားခွင့် ခံစားရရှိခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား မောင်ကျော်မြင့်ဦး သည် မလေးရှားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၂၄)ရက်တွင် လုပ်ငန်းခွင်ထိခိုက်ေ-သဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။
ယင်းကြောင့် မလေးရှားနိုင်ငံ အလုပ်သမားများ၏ လူမှုဖူလုံရေးအက်ဥပဒေ (Act – 4) အရ မှီခိုသူ အကျိုးခံစားခွင့်ရရှိရန် မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့သည် သက်ဆိုင်ရာမိသားစုများနှင့် ချိတ်ဆက်၍ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO)သို့ ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ေ-သဆုံးမြန်မာအလုပ်သမား၏ ဇနီးဖြစ်သူ ဒေါ်စန်းစန်းရင်သည် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်သည့် မှီခိုသူအကျိုးခံစားခွင့် ငွေကျပ်( ၂၄၉၉၃၅၂၈ )ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၂)ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် ပြည်ပ၌ တရားဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဖူလုံရေးအခွင့်အရေးများ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) နှင့် လူမှုဖူလုံရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ (MOC) ကို ၂၀၂၀ ပြည့်နှစ်က လက်မှတ်ရေးထိုးထားသည်။
မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO)၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရန် မလေးရှားနိုင်ငံ အလုပ်သမားများ၏ လူမှုဖူလုံရေးအက်ဥပဒေ (Act – 4)အရ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၃၂) ဦး၏ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များအား မှီခိုသူမိသားစုဝင်များက ရရှိခံစားလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
