နူးဒေလီ၊အောက်တိုဘာ ၂၉
အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ရေမြောင်းထဲသို့ ထိုးကျသွား၍ လူ ၁၂ ဦး ထက်မနည်း ေ-သဆုံးကာ ၃၀ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
အဆိုပါမတော်တဆမှုဖြစ်ပြီးနောက် ချက်ချင်းဆိုသလိုပင် ဒေသခံများက သက်ဆိုင်ရာကိုအကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့နှင့်ကယ်ဆယ်ရေးတပ်ဖွဲ့များ ရောက်ရှိလာပြီး ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ပေးနိုင်ရန် စီစဉ်ပေးခဲ့ကြောင်းသိရသည်။
ဒဏ်ရာရရှိသူ ၃၀ ဦးအနက် အချို့သည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပြီး ယာဉ် မတော်တဆမှုဖြစ်ရသည့်အကြောင်းအရင်းကို တိတိကျကျမသိရသေးပေ။ ေ-သဆုံးသူများအနက် ၇ ဦးသည် အခင်းဖြစ်နေရာ၌ ေ-သဆုံးခဲ့ပြီး ကျန်ငါးဦးသည် ဆေးရုံ၌ဆေးကုသမှုခံယူနေစဉ် ေ-သဆုံးသွားခြင်းဖြစ်သည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။
အိန္ဒိယ၌ လူအေ-သအပျောက်များသည့်ယာဉ် မတော်တဆဖြစ်မှုများသည် အများအားဖြင့် ဝန်ပိုတင်ခြင်း၊လမ်းများဆိုးရွားခြင်းနှင့်မဆင်မခြင်မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိကြောင်းလည်းသိရသည်။
အိန္ဒိယ၌ နှစ်စဉ်ယာဉ်မတော်တဆမှုပေါင်း တစ်သန်းခွဲခန့်ဖြစ်ပွားလေ့ရှိပြီး အဆိုပါမတော်တဆမှုများကြောင့် လူ ၁၅၀,၀၀၀ ခန့်နှစ်စဉ်ေ-သဆုံးလျက်ရှိသည်ဟုလည်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရှိရသည်။
Source : ရှင်းဟွာ

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
