ဘန်ကောက်၊အောက်တိုဘာ ၂၉
ထိုင်း၊မြန်မာနှင့်လာအိုတို့သည် ဒေသတွင်းလေထုညစ်ညမ်းမှုကို လျှော့ချရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ အားကောင်းလာစေရန် နယ်နိမိတ်ဖြတ်ကျော်မြူခိုးထူထပ်မှုတိုက်ဖျက်ခြင်းဆိုင်ရာ အစီအစဉ်တစ်ရပ်ကို အင်္ဂါနေ့ကစတင်ခဲ့ကြောင်းသိရသည်။
ကြည်လင်သောမိုးကောင်းကင် မဟာဗျူဟာ 2024 – 2030 အရ အရှေ့တောင်အာရှသုံးနိုင်ငံသည် မီးလောင်ကျွမ်းမှုထိန်းချုပ်ရေး၊ ရာဇဝတ်မှုခင်းလျှော့ချရေး၊ ကြိုတင်ခန့်မှန်းခြင်းနှင့်စောင့်ကြည့်ရေးစနစ်များ၊ရေရှည်တည်တံ့သောစိုက်ပျိုးရေးစီမံခန့်ခွဲမှု၊ဥပဒေစိုးမိုးရေးနှင့် အေဂျင်စီအချင်းချင်းညှိနှိုင်းဆောင်ရွက်မှုအပါအဝင် ခိုင်မာသော အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန်လည်းသဘောတူညီခဲ့ကြသည်။
အဆိုပါအခမ်းအနားစတင်ချိန်၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယခုပူးပေါင်းဆောင်ရွက်မှုသည် စက်မှုလုပ်ငန်းများ၊သယ်ယူပို့ဆောင်ရေး၊တောင်ယာမီးရှို့ခြင်းနှင့်တောမီးများကြောင့် လေထုထဲတွင် PM 2.5 ပါဝင်မှုနှုန်း မြင့်တက်လာခြင်းအား ကိုင်တွယ်ဖြေရှင်းရာ၌ လိုအပ်သဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ယခုအစီအစဉ်သည် လန်ချန်း – မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး၊ ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာအစရှိသည့် မူဘောင်များမှတစ်ဆင့် အာဆီယံသုံးနိုင်ငံအကြား မီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်စွမ်းရည်မြှင့်တင်ရေးဖော်ဆောင်မှုများအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
