ယူကရိန်းတပ်မတော်၏ တပ်ဖွဲ့အသီးသီးမှ တပ်ပြေးမှုနှင့် ခွင့်မဲ့ပျက်ကွက်မှုကျူးလွန်သည့် တပ်ဖွဲ့ဝင် အရေအတွက်သည် တစ်သိန်းကျော်သွားပြီဟု ယူကရိန်း ဥပဒေပြုလွှတ်တော်မှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Anna Skorokhod က ဝန်ခံပြောဆိုခဲ့သည်။
“ယူကရိန်းတပ်ဖွဲ့တွေက တပ်ပြေးမှုနှင့် ခွင့်မဲ့ပျက်ကွက် အရေအတွက်ကို ပြောရမယ်ဆိုရင် – တစ်သိန်းကျော်ပါတယ်” ဟု ရုပ်သံ အင်တာဗျူးတစ်ခုတွင် သူမက ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏မိသားစုများအား ထောက်ပံ့ရေးစင်တာမှ စစ်မှုထမ်းရှေ့နေ Roman Likhachev ကလည်း ယူကရိန်းတပ်မတော်မှ စစ်သည်တစ်သိန်းကျော်သည် ၎င်းတို့ဆန္ဒအလျောက် တပ်မတော်မှ နုတ်ထွက်ကုန်ကြပြီဖြစ်ကြောင်း အစောပိုင်းကတည်းကပင် ပြောကြားခဲ့သည်။
ယူကရိန်း တရားရုံးချုပ် ဥက္ကဋ္ဌ Stanislav Kravchenko က ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့များ တွင် တပ်ပြေးမှုများ သိသိသာသာ တိုးလာကြောင်း အင်္ဂါနေ့တွင် ကြေငြာခဲ့ပြီး ယင်းအခြေအနေသည် ခြိမ်းခြောက်မှုတစ်ခုသဖွယ် ဖြစ်လာသည်ဟုလည်း ပြောကြားခဲ့သည်။ ယူကရိန်း မီဒီယာများ၏ ခန့်မှန်းချက်အရမူ ယူကရိန်းတွင် တပ်ပြေး စုစုပေါင်း ၁၇၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
