မန်စီးတီးအသင်းသည် ၎င်းတို့အသင်း၏ အဓိကနောက်ခံလူတစ်ဦး ဖြစ်သည့် ခရိုအေးရှားလက်ရွေးစင်နောက်ခံလူ ဂီဗာဒီယိုလ် အား ၂၀၃၀ ခုနှစ်အထိ အသင်းတွင် ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ဂီဗာဒီယိုလ် သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် မန်စီးတီး အသင်းထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးနောက် အသင်း၏ခံစစ်ဘယ်ခြမ်းတွင် အဓိကနောက်ခံလူတစ်ဦးအဖြစ် ခြေစွမ်းပြကစားနေသူဖြစ်သည်။
ဂီဗာဒီယိုလ် သည် မန်စီးတီးအသင်းတွင် ခရိုအေးရှားနှင့် လိုက်ပ်ဇစ်အသင်းတို့တွင် ကစားနေသည့် ၎င်း၏ စိတ်ကြိုက်နေရာဖြစ်သည့် နောက်ခံအတွင်းလူနေရာတွင် ကစားခွင့်မရဘဲ ဘယ်နောက်ခံလူအဖြစ် အ သုံးပြုခံနေရသော်လည်း အသင်းအတွက် အရေးပါသည့်ဂိုးများစွာကို သွင်းယူပေးနေသူလည်းဖြစ်သည်။
မန်စီးတီးအသင်းသည် လက်ရှိအချိန်တွင် အသက် ၂၂ နှစ်အရွယ် သာရှိသေးသည် ၎င်း၏ အနာဂတ်အလားအလာအပေါ် အလွန်သဘောကျနေပြီး တစ်ပတ်ပေါင် ၁၅၀၀၀၀ အထိ လစာတိုးမြှင့်ကာ ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
