စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးချိန် ဇွန်လမှ စတင်၍ စက်တင်ဘာလအထိ ဝါသီးနှံ (၁၅၆၃၀) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၄ -၂၀၂၅ ခုနှစ် စစ်ကိုင်းမြို့နယ်၌ ဝါသီးနှံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးကောင်းမျိုးသန့်များ ရရှိစေရေး၊ ဝါသီးနှံဖြစ်ထွန်း အောင်မြင်စေရန် ပိုးမွှားရောဂါကြိုတင်ကာကွယ်နိုင်ရေး၊ အထွက်နှုန်းကောင်းမွန်စေရန် စိုက်နည်းစနစ် မှန်ကန်စေရေးတို့ကို နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးပြီး ဝါစိုက်တောင်သူများ လိုအပ်သည့် နည်းပညာများကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးချိန် စစ်ကိုင်းမြို့နယ်မှာ ဧက ၁၅၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့တာပါ။ ဝါသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာမှာ သီးနှံမျိုးကောင်းမျိုးသန့်တွေ တောင်သူများ လွယ်ကူစွာ စိုက်ပျိုးရာသီအမီ စိုက်ပျိုးသွားနိုင်ဖို့ ဝါမျိုးစေ့တွေ ထောက်ပံ့ပေးနေတယ်”ဟု စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဦးက နိုင်ငံပိုင်သတင်းဌာနသို့ ပြောသည်။
၂၀၂၄ -၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးချိန် ဝါသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်၊ ရွှေဘိုနှင့် ကန့်ဘလူ ခရိုင်အတွင်းရှိ မြို့နယ် (၁၉) မြို့နယ်တွင် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်လျက် ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
