ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွားဝင်ရောက်မှု ယခုနှစ်အတွင်း (၁၀၀၀၀)ကျော်ရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောသည်။
ထို့ကြောင့် လာမည့်ခရီးသွားရာသီတွင် ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွား ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်းလည်း သူကပြောသည်။
“ပုဂံကို ပြည်ပခရီးသွားဝင်ရောက်မှုအနေနဲ့ ယခု ၂၀၂၄ ခုနှစ်မှာ ၁၀၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်ပွဲတော် ကာလမှာလည်း ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်မှုများခဲ့တယ်။ ဒါကြောင့် လာမယ့်ခရီးသွားကာလမှာ ပုဂံယဉ်ကျေးမှုနယ်မြေကို ပြည်ပခရီးသွား ပိုမိုဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ၎င်းကဆိုသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာတွင်ထင်ရှားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝ သောနေရာတစ်ခုဖြစ်သည့်အတွက် နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်လျက်ရှိပြီး ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ရေးအတွက် ရှေးဟောင်းရေကန်များနှင့် ဘုရား၊ စေတီ၊ ပုထိုးများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
ခရီးသွားအေဂျင်စီများသည် ပုဂံခရီးစဉ်အတွက် ပြည်ပခရီးသွားများအား ဝန်ဆောင်မှုပေးရာတွင် ပုပ္ပားတောင်နှင့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်တို့ကိုပါ တစ်ဆက်တည်း ဝင်ရောက်လည်ပတ်သော ခရီးစဉ်ဒေသများအဖြစ် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
