ဟောင်ကောင်၊အောက်တိုဘာ ၃၀
တရုတ်အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်သည့် ByteDance ကို တည်ထောင်သူ ရှန်ရီမင်သည် တရုတ်နိုင်ငံမှအချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်း၏ ထိပ်ဆုံးသို့ရောက်ရှိလာကြောင်းသိရသည်။
နှစ်စဉ်ထုတ်ပြန်နေကျ တရုတ်၏အကြွယ်ဝဆုံးပုဂ္ဂိုလ်များစာရင်း Hurun China Rich List အရ ယခုနှစ်အတွက် ထိပ်တန်းသူဌေးသည် စုစုပေါင်း ဒေါ်လာ ၃ ထရီလျံပိုင်ဆိုင်မှုရှိပြီး အကြွယ်ဝဆုံးအဖြစ် ယမန်နှစ်ကသတ်မှတ်ခဲ့သည် သတ်မှတ်ချက်အောက် ၁၀ ရာခိုင်နှုန်းကျဆင်းသွားသည်ဟုလည်းဆိုသည်။
အသားတင်ပိုင်ဆိုင်မှုကို အမေရိကန်ဒေါ်လာဖြင့်တွက်ချက်ပြီးသတ်မှတ်ခံရသည့် ဘီလျံနာအရေအတွက်သည်လည်း753ဦးသို့ကျဆင်းသွားပြီး ယခင်နှစ်ကထက် ၁၄၂ ဦးလျော့သွားကြောင်းသိရသည်။
Hurun ၏ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်တွင် ဘီလျံနာ ၁,၁၈၅ ဦးအထိရှိခဲ့သော်လည်း နောက်ပိုင်းတွင်လျော့နည်းလာခဲ့သည်။ယခုသုံးနှစ်အတွင်း တရုတ်၏ ဘီလျံနာစာရင်းသည် ထင်မထားလောက်အောင်လျော့ကျလာခဲ့သည်ဟုလည်းသိရှိရသည်။
ByteDance ကုမ္ပဏီသည် TikTok အပါအဝင် အခြားဆိုရှယ်မီဒီယာပလပ်ဖောင်းများလည်းပါဝင်သည့် အင်တာနက်ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
