မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်အများစု၌ မနက်ဖြန် အောက်တိုဘာ ၃၁ ရက်တွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဟု မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။
၂၃၀ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ကေဗွီ မြောက်ပြင်-ညောင်ကွဲဓာတ်အားလိုင်းတွင် ဓာတ်အားလိုင်းအပြစ်လျော့နည်းစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို မနက်ဖြန် အောက်တိုဘာ ၃၁ ရက်နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရာတွင် လျှပ်စစ်ဓာတ်အားပိတ်၍ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်နေချိန်၌ အောင်မြေသာစံမြို့နယ်ရှိ ညောင်ကွဲ၊ အမရဌာနီ(အနောက်)၊ ပြည်ကြီးရန်လုံ၊ ပြည်လုံးချမ်းသာ၊ မေဃဂီရိ၊ ပုလဲငွေရောင်၊ အောင်မြေသာစံ၊ မင်းတဲ အီကင်းရပ်ကွက်၊ အမရဌာနီ(အရှေ့)/(နောက်)၊ အိုးဘို၊ အိုးဘိုရွှေကျင်၊ ဥပုတ္တော်၊ ဘုန်းတော်တိုးနှင့် ဒေါနဘွားရပ်ကွက်တို့တွင် လျှပ်စစ် ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးတို့အတွက် အလေးထားဆောင်ရွက်သွားမည်ဟု မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
