ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဖြစ်ပွားခဲ့သည့် ရက်သားအရွယ် မွေးကင်းစကလေ-း ခိုးယူခံရမှုတွင် ကျူးလွန်သူက ကလေ-း၏ မိသားစုထံမှ ငွေည-စ်နေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ စုံစမ်း သိရသည်။
ယနေ့ အောက်တိုဘာ (၃၀) ရက် နံနက်ပိုင်းက ဗဟိုအမျိုးသမီး ဆေးရုံတွင် ဆေးရုံတက်ရောက်နေသည့် မွေးကင်းစကလေ-းငယ်အား ခိုးယူထွက်ပြေးသွားခြင်း ဖြစ်သည်။
“အခုထိ ပြန်မတွေ့သေးပါဘူး။ လူလိမ်တွေပါ။ ကျွန်တော်တို့ဆီက ပိုက်ဆံတောင်းတယ်။ ငွေညှစ်နေတဲ့ သဘောပေါ့ဗျာ။ ကျွန်တော်တို့တွေ အတော်လေး စိတ်ပူစိုးရိမ်နေရပါတယ်။ခုထိကို မတွေ့သေးပါဘူး”ဟု မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ပေါ်ပြုလာနယူးစ်သို့ ပြောသည်။
ယနေ့ နံနက် (၄) နာရီဝန်းကျင်က ဓာတ်ကင်ထားသည့် ကလေ-းငယ်အား မိသားစုဝင်များနှင့် လူနာစောင့် မသိအောင် ခိုးယူကာ အငှားယာဉ်ဖြင့် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရပြီး ယနေ့ ညနေပိုင်းအထိ ကလေ-းငယ်အား ပြန်မတွေ့သေးကြောင်း သိရသည်။
“ဗဟိုအမျိုးသမီးဆေးရုံကနေ မနက် (၄)နာရီကျော်လောက်မှာ taxi နဲ့ ထွက်သွားတယ်လို့ လုံခြုံရေးကပြောလို့ လိုက်ပို့ပေးခဲ့တဲ့ taxi ဆရာများ သိခဲ့ရင် ပို့ခဲ့တဲ့ နေရာလေးကို ပြောပြပေးစေချင်တာပါခင်ဗျာ။ကလေ-း အမေမှာလည်း အရူးမီးဝိုင်းဖြစ်နေလို့ပါ”ဟု မိသားစုဝင်များက လူမှုကွန်ရက်တွင်လည်း ရေးသားမျှဝေထားသည်။
ကလေ-းငယ်အား ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် ပြန်လည်တွေ့ရှိကြောင်း လူမှုကွန်ရက်၌ သတင်းအမှားများ ရေးသားဖြန့်ဝေမှုများလည်း ရှိနေပြီး အမှန်တကယ်တွင် ညနေ (၅)နာရီ အထိ ပြန်မတွေ့သေးကြောင်း မိသားစုဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
လက်ရှိတွင် ကလေ-းငယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက လူနာစောင့်နှင့် ဆေးရုံ CCTV မှတ်တမ်းများကို စစ်ဆေးနေကြောင်းလည်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
