ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းက ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်ငယ်တစ်စီးပေါ်မှ လက်နက်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီး စပ်သူများထံမှ သိရသည်။
အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က အဆိုပါ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသော ‘သိင်္ဂီအောင်’ ခရီးသည်တင်မှန်လုံ ယာဉ်ငယ်ပေါ်တွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများအား X-Ray စက် ဖြင့် စစ်ဆေးစဉ် ယာဉ်ပေါ်တွင် လက်နက်နှင့် ကျည်ဆန်များအား တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံ ခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
၎င်းက ဆက်လက်ပြီး ‘‘ခရီးသည်တင် ယာဉ်ဆိုပေမဲ့ ကုန်ပစ္စည်းတွေကိုပဲ တင်ဆောင် လာတဲ့ မှန်လုံယာဉ်ငယ်ဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ ယာဉ်မောင်းတစ်ဦးနဲ့ ယာဉ်နောက်လိုက်တစ်ဦး လိုက်ပါလာကြပါတယ်။ လက်နက်နဲ့ ကျည်ဆန်တွေကိုတော့ မှန်လုံယာဉ် ယာဉ်အတွင်းပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်’’ ဟု ပြောကြားသည်။
ထို ‘သိင်္ဂီအောင်’ ခရီးသည်တင်မှန်လုံယာဉ်ငယ်ပေါ်တင်ဆောင်လာသည့် ကိုမင်း ထက် (ပျော်ဘွယ်) အမည်နှင့် ဖုန်းနံပါတ်များ ပါရှိသော အဝါရောင် ဆာလာအိတ်အတွင်း ကတ်ထူစက္ကူဂျပ်ဖာဖြင့်ထားသည့် အမြင့် ၁၅ လက်မခန့်၊ လုံးပတ် ၁၉ လက်မခန့်ရှိ အဖြူ ရောင်ပလတ်စတစ်ပုံးနှင့် အပြာရောင်အဖုံး ဖြင့် ပိတ်ထားသည့် အမြင့် ၁၄ လက်မခန့်၊ လုံးပတ် ၂၈ လက်မခန့်ရှိ အဖြူရောင်ပလတ်စ တစ်ပုံးအတွင်းမှ ရေချိုငါးပိများနှင့် ရောနှော ထားပြီး၊ အဝါရောင်တိပ်၊ ခဲစက္ကူများဖြင့် ပိတ် လျက် ၄၀ - မမ သေနတ်တစ်လက်၊ ၎င်းင်းကျည် ငါးတောင့်နှင့် ၃၈၀ Auto ကျည် ၅၀ တောင့် အား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ လက်နက်ခဲယမ်းများနှင့် ပတ် သက်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား စစ်ဆေးမေးမြန်းရာ ၎င်းင်းလက်နက်ခဲ ယမ်းများအား ကော့ကရိတ်မြို့နယ် ထို့ကော် ကိုးတောင်ခြေရှိ ‘သိင်္ဂီအောင်’ ကားဂိတ်မှ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဝင်း ရှိ ‘သိင်္ဂီအောင်’ ကားဂိတ်သို့ ပို့ဆောင်ရန် လူမဲ့ တန်ဆာတင်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုပစ္စည်းအိတ်အား ပျော်ဘွယ်မြို့သို့ ဆက်လက်ပို့ဆောင်ပေးရမည်ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက် ည ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ ညောင် ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်တွင် မော် လမြိုင်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ‘ရာဇာအောင်’ ခရီးသည်တင်မှန်လုံယာဉ်တစ် စီးပေါ် လိုက်ပါလာသည့် ခရီးသည်အမျိုး သားတစ်ဦးထံမှ လက်နက်နှင့်ကျည်ဆန်များ ဖမ်းဆီးရမိခဲ့သည်။
ဘိုဘိုမြင့်
-----------
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
