အဂတိလိုက်စားမှုစွပ်စွဲချက်နှင့် အိုးဘိုထောင်တွင် ထောင်ဒဏ် ၂၈ နှစ် ကျခံနေရသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို ကျန်းမာရေးအရ နစက က လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။
NLD အစိုးရလက်ထက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝင်းခိုင်သည် ကျန်းမာရေး မကောင်းသဖြင့် မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် အောက်တိုဘာ ၂၈ ရက်တွင် နစက,က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူအချို့က ပြည်ပသတင်းဌာနအချို့ကို ပြောကြားထားသည်။
မန္တလေး အိုးဘိုထောင်တွင် ထောင်ဒဏ် ၂၈ နှစ် ကျခံနေရသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်သည် ကျန်းမာရေး မကောင်းသဖြင့် မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းများထွက်ပေါ် နေသော်လည်း The Daily Eleven အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဦးဝင်းခိုင်သည် မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲတွင် သတိလစ်မေ့မြောနေခြင်းဖြစ်ပြီး အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက အာဏာပိုင်အနေဖြင့် ဆေးရုံသို့လာပြီး လွတ်ငြိမ်းသက်သာခွင့် အမိန့်ကို ဖတ်ပြသွားခြင်းဖြစ်ကြောင်း ထိုအခြေအနေအား သိရှိသူတစ်ဦးက RFA သ တင်းဌာနကို ပြောကြားထားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းဆီးခဲ့ပြီး နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ခြောက်ဘီ လျံခန့် နစ်နာမှုကြောင့်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်က အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ နှင့် အမှုဖွင့်ခံရပြီး နောက် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရသူ လည်း ဖြစ်သည်။
NLD အစိုးရ လက်ထက်တွင် ဦးဝင်းခိုင် ကို ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ ပြီး ၂၀၁၈ ခုနှစ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း တာဝန်မှ အနားယူပြီးနောက် ဦးဝင်းခိုင်ကို ၎င်းနေရာတွင် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ် သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
