တရုတ် - ‘‘၀’’ နယ်စပ်ဂိတ်အားလုံးကို တရုတ်အစိုးရဘက်က ကုန်စည်တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း ‘‘၀’’ ဒေသအခြေစိုက် ‘‘၀’’ လူငယ့်အသံကွန်ရက် သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အ ခြေစိုက် တရုတ်နယ်စပ်ဂိတ်အားလုံးကို တရုတ် အစိုးရဘက်က ကုန်စည်တင်သွင်းခွင့် ပိတ်ပင် လိုက်ကြောင်း လူငယ့်အသံကွန်ရက် သတင်း ဌာနကို ‘‘၀’’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) မှ တာဝန်ရှိသူများက အတည်ပြုပြောကြားထားသည်။
တရုတ်အစိုးရအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က မူဆယ် - ကျယ် ခေါင်ဂိတ်၊ မိုင်းလား - တာ့လော့ဂိတ်မှ ကုန် စည်တင်သွင်းခွင့်များကို ကန့်သတ်ပိတ်ပင် လိုက်ပြီးနောက် အောက်တိုဘာ ၂၄ ရက်တွင် တရုတ် - ‘‘၀’’ နယ်စပ်ဂိတ် အားလုံးကို ထပ်မံ ပိတ်ပင်လိုက်ခြင်းလည်း ဖြစ်သည်။
တရုတ်အစိုးရအနေဖြင့်’’၀’’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် တရုတ်နယ်စပ် ဂိတ်အားလုံးကို ကုန်စည်တင်သွင်းခွင့် ပိတ်ပင် လိုက်ပြီး လောင်စာဆီ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း အစရှိသည့် ကုန်ပစ္စည်းများကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ပန်ဆန်းမြို့ရှိ နိုင်ငံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လူငယ့် အသံကွန်ရက် သတင်းဌာနသို့ အတည်ပြုပြော ကြားထားသည်။
တရုတ်အစိုးရအနေဖြင့်’’၀’’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် တရုတ်နယ် စပ်ဂိတ်အားလုံးမှ ကုန်စည်တင်သွင်းခွင့်ကိုသာ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး လူအဝင်အထွက်နှင့် ဟင်းသီးဟင်းရွက်များကိုမူ ဝင်ရောက်ခွင့်ပြု ထားကြောင်း သိရသည်။
ထို့ပြင် တရုတ်အစိုးရအနေဖြင့် မိုင်းလား အဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် နယ်စပ် ဂိတ်များကိုလည်း တစ်ဆက်တစ်စပ်တည်း ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ထို့အတူ တရုတ်အစိုးရအနေဖြင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တအာင်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ကုန်စည်တင် သွင်းခွင့် ပိတ်ပင်ခြင်းကို ထိရောက်စေရန် တရုတ် - ‘‘၀’’ နယ်စပ်ရှိ နမ့်တစ် (မန်ခါး) ဂိတ် ကို သြဂုတ်လကတည်းက ပိတ်ပင်ထားသည်။
လက်ရှိတွင် တရုတ်အစိုးရဘက်က နမ့်တစ် (မန်ခါး) ဂိတ်နှင့် နယ်စပ်ဂိတ်အကြီးများ ဖြစ်ကြသည့် မုန်အားဂိတ်၊ ဆောဖာဂိတ် အပြင် မိုင်းလားနယ်စပ်ရှိ ဂိတ်အားလုံးကိုလည်း ကုန်စည်တင်သွင်းခွင့် ရက်အကန့်အသတ်မရှိ ပိတ် ပင်လိုက်ကြောင်း သိရသည်။
တရုတ်အစိုးရဘက်က တရုတ် - ‘‘၀’’ နယ်စပ်ဂိတ်အားလုံး ကုန်စည်တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီးနောက် ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း မလိုအပ်ဘဲ ကုန်ပစ္စည်းများ စျေးတင်ရောင်းချခြင်း မပြုရန်၊ လူထုများအကြား ကုန်စျေးနှုန်းနှင့်ပတ်သက်ပြီး သတင်းအမှားများ မဖြန့်ကြရန် ‘‘၀’’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) က အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်သတိပေးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
