မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပိန်နိုင်ငံ ဗလင်စီယာစီရင်စုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လူ ၅၀ ထက်မနည်း ေ-သဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်များကို ကိုးကား၍ ABC သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
အစောပိုင်းတွင် လူ ၁၃ ဦး ေ-သဆုံးခဲ့ကြောင်း စပိန်အရပ်ဘက်အစောင့်တပ်ဖွဲ့က ကနဦး အတည်ပြုခဲ့သည်။ ထို့နောက် Albacete ပြည်နယ်တွင်လည်း လူခြောက်ဦး ပျောက်ဆုံးနေကြောင်း ထပ်မံအတည်ပြုသည်။
မုန်တိုင်းကြောင့် စပိန်နိုင်ငံတစ်ဝှမ်းတွင် ပြဿနာများ ဖြစ်ပေါ်ခဲ့ပြီး ရထားပြေးဆွဲမှုကို အနှောင့်အယှက်ဖြစ်စေခဲ့ကာ လေယာဉ်ခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရသည်။ ယခုအခါ ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၂၉ ရက်တွင် စပိန်နိုင်ငံ မိုးလေဝသအေဂျင်စီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအနှံ့အပြား၌ မိုးလေဝသသတိပေးချက်ထုတ်ပြန်ခဲ့သည်။ နေရာအများစုအတွက်၊ ရာသီဥတုဆိုးရွားမှုကြောင့် အဝါရောင် (အန္တရာယ်) နှင့် လိမ္မော်ရောင် (အန္တရာယ်မြင့်မား) သို့ တိုးမြှင့်သတ်မှတ်ထားသည်။ သို့သော်လည်း မိုးရွာသွန်းမှု အပြင်းထန်ဆုံးဖြစ်သည့် နိုင်ငံတောင်ပိုင်းနှင့် အရှေ့ဘက်တွင်မူ အမြင့်ဆုံး အနီရောင်အဆင့်(အန္တရာယ်အလွန်များ) သတ်မှတ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
