မတ်လကုန်အထိ အခြေခံပညာအတန်းစာမေးပွဲများ စစ်ဆေးခြင်းကို ကန့်ကွက်လက်မှတ် ကောက်ခံသည့် လှုပ်ရှားမှုကို ဇန်နဝါရီ ၁၅ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ လှည်းတန်းစင်တာရှေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါလှုပ်ရှားမှုကို ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂတို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး လူအများအပြားက ကန့်ကွက်လက်မှတ်များ ရေးထိုးခဲ့ကြောင်း သိရသည်။
"တော်တော်များများ လက်မှတ်လာထိုးကြတယ်။ လက်မှတ်လည်း တော်တော်ရပါတယ်။ မတ်လကုန်အထိ စာမေးပွဲစစ်ဆေးတာကို ကန့်ကွက်လိုလျှင် လက်မှတ်လာထိုးလို့ရပါတယ်ဆိုတဲ့ စာလေးရေးပြီးထားတယ်။ ထွေအုပ်ရုံးကတော့ လာစစ်ဆေးတာရှိတယ်။ သူတို့ကို အကြောင်းကြားပြီးမှ လုပ်ရမယ်လို့ လာပြောတာတော့ ရှိတယ်။ အွန်လိုင်းကနေ ကောက်ခံတာလည်း တော်တော်များများ လာပို့ကြတာရှိတယ်။ လက်မှတ်ကောက်ခံတဲ့အပိုင်းကတော့ တော်တော်အောင်မြင်ပါတယ်" ဟု အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုကော်မတီဝင် ကိုဖြိုးဝေအောင်က ပြောကြားသည်။
ပြည်သူလူထုထံမှ စာသင်ကာလတိုးမြှင့်ခြင်းနှင့်ပတ်သက်သည့် စစ်တမ်းကောက်ယူမှုများ၊ ဖဲကြိုးစိမ်းလှုပ်ရှားမှု အပါအဝင် အခြားသောလှုပ်ရှားမှုများကို ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင်ကော်မတီနှင့် တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီတို့ ပူးပေါင်းကာ ၁၀ ရက်တာ ပြုလုပ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
