ကော့သောင်း ပင်လယ်ပြင်တွင် ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၁၇၂ ဦးအနက် မောင်တောခရိုင်သို့ ပို့ဆောင်လိုက်သည့် ဘင်္ဂါလီ ၁၅၅ ဦးကို ဒေသတွင်း နေထိုင်ခဲ့သူ ဟုတ် မဟုတ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းတွင် စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ ဘင်္ဂါလီ ၁၅၅ ဦးသည် ဇန်နဝါရီ ၁၄ ရက်က အလယ်သံကျော်ကမ်းခြေသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့အား သက်ဆိုင်ရာမှ လက်ခံခဲ့ပြီးနောက် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ကာ ဒေသတွင်း နေထိုင်ခဲ့သူ ပါဝင်ခြင်း ရှိ မရှိ စစ်ဆေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ဘင်္ဂါလီများထဲတွင် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများ ပါဝင်လျင် ၎င်းတို့အား UEHRD အစီအစဉ်ဖြင့် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ကာ ၎င်းတို့ မူလနေထိုင်ရာဆီကို ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဆိုလျှင် နှစ်နိုင်ငံအကြောင်းကြားပြီး တရားဝင် ပြန်လည် လွှဲပြောင်းမည်ဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“လက်ရှိတော့ ငါးခူရမှာ ထားပြီးတော့ ကျွန်တော်တို့ဆီမှာနေထိုင်ခဲ့ခြင်းရှိမရှိ စစ်နေ တာဖြစ်တယ်။ ဒီကိုရောက်လာတာ အားလုံး ပေါင်း ၁၅၅ ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက် ကဆိုရင်တော့ ကျွန်တော်တို့ UEHRD အစီအစဉ်နဲ့ပဲ သူတို့ကို မှတ်တမ်းတင်တာတွေ လုပ်ပြီးတော့ သူတို့ နေထိုင်ခဲ့တဲ့ဆီကို ပြန်ပို့မယ်။ ဘင်္ဂလားဒေ့ရှ်ကဆိုရင် နှစ်နိုင်ငံအ ကြောင်းကြားပြီးတော့ တရားဝင် ပြန်လွှဲမှာပေါ့”ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောကြားသည်။
အဆိုပါ ဘင်္ဂါလီ ၁၇၀ ကျော်သည် ဘင်္ဂ လားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း (ခေါ်) အုန်းကျွန်း နိုရာပါရာ ဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့ ထွက်ခွာလာစဉ် ဒီဇင်ဘာ ၁၅ ရက်က ကော့သောင်းမြို့နယ်တွင် တပ်မတော်(ရေ)မှ ဖမ်းဆီးခဲ့ခြင်းပြီး ဖမ်းဆီးခံရသူထဲတွင် အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၈ဦး၊ ကလေးငယ် အမျိုးသား ၁၃ ဦး၊ ကလေးငယ် အမျိုးသမီး ကိုးဦး၊ စုစုပေါင်း ၁၇၂ ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂါလီ ၁၇၀ ကျော်ကို ရခိုင်ပြည်နယ်သို့ ဇန်နဝါရီ ၈ ရက်က သင်္ဘောဖြင့် ပြန်လည် ပို့ဆောင်လိုက်ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက စစ်တွေသို့ ဘင်္ဂါလီ ၁၇ ဦး (အမျိုးသမီး ၁၀ ဦး၊ အမျိုးသား ခုနစ်ဦး)ရောက်ရှိလာခဲ့ပြီး ကျန်ဘင်္ဂါလီများကို မောင်တောနယ်စပ်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
