မီးရှို့ ဖျက်ဆီးခံရပြီးနောက် နှစ်နှစ်ကျော်ကြာမှ ပြန်လည် နေရာချထားပေးသည့် တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာမှ ကျေးရွာသားများ သွားလာရန် လွယ်ကူစေရေးအတွက် လေးမိုင် အရှည်ရှိသည့် ကျောက်ချောလမ်းကို ဇန်နဝါရီလဆန်းပိုင်းက စတင်ဖောက်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
“သွားလာရေးခက်ခဲတဲ့ နံ့သာတောင်ရွာကို သွားတဲ့လမ်းကို ကျေးလက်ဦးစီးဌာနကနေ စတင် ဖောက်လုပ်နေပါပြီ။ သာယာကုန်းက နေနံ့သာတောင်အထိ လေးမိုင် ကျောက်ချောလမ်း ဖောက်တာ ဖြစ်ပါတယ်။ လမ်းမှာ တံတား နှစ်စင်းပါပါတယ်။ ပေ ၁၀၀ တံတားတစ်စင်း နဲ့ ၁၀ ပေ တစ်စင်း ဖြစ်ပါတယ်။ လမ်းက ဧပြီလ သင်္ကြန်မတိုင်ခင် အပြီးဖောက်လုပ်မှာ ဖြစ်ပါတယ်။ အရင်ကဆိုရင် ရွာကို ကားတွေ ဝင်ထွက်သွားလာလို့ မရဘူး။ လယ်ကန်သင်းတွေကနေ သွားလာခဲ့ရတယ်။ အခု ဒီလမ်းဖောက်လို့ပြီးရင်တော့ နံ့သာတောင်ရွာကို အလွယ်တကူ သွားလာလို့ ရနိုင်ပါတယ်။ အခုရွာမှာ နေထိုင်သူတွေကတော့ ကဏန်းရှာတာ၊ ငါးရှာတာတွေကို လုပ်နေပါတယ်။ လမ်းဖောက်တဲ့ အလုပ်မှာလည်း ဝင်လုပ်လို့ရအောင် စီစဉ်ထားပါတယ်”ဟု နံ့သာတောင် ပရဟိတဆရာတော် ဦးစရဏက မိန့်ကြားသည်။
၂၀၁၇ ခုနှစ် မောင်တောအကြမ်းဖက် ဖြစ်စဉ်အတွင်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် နံ့သာတောင်ကျေးရွာရှိ ပြန်လည် တည်ဆောက်ပေးထားသည့် နေအိမ်များတွင် ကျေးရွာသားများအား အိမ်ထောင်စုအလိုက် မဲစနစ်ဖြင့် ခွဲဝေချထားမှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ကြောင်း နှင့် လက်ရှိတွင် နေအိမ် ၄၂ လုံး၌ အိမ်ထောင်စု ၄၂ စု၊ လူဦးရေ ၁၄၇ ဦး စတင် နေထိုင်နေပြီ ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အလုပ်အကိုင် မစနိုင်သေးသဖြင့် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
နံ့သာတောင်ကျေးရွာရှိ နေအိမ်များကို အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေဖြင့် နေအိမ် ၄၂ လုံး တည်ဆောက်ခြင်းဖြစ်ပြီး အလျား ၂၄ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၁ ပေ၊ သွပ်မိုး၊ ကွန်ကရစ်ခင်း တစ်ထပ် နေအိမ်တစ်လုံး၏ ကုန်ကျငွေတန်ဖိုး မှာ ၁၈၅ သိန်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
