ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်တွင် ယာဂီမုန်တိုင်းကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့သည့် ဌာနနှင့် အဖွဲ့အစည်းများအား ယနေ့ အောက်တိုဘာ (၃၀) ရက်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့ ၌ ဖြစ်ပွားခဲ့သော သဘာဝဘေးဖြစ်စဉ်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာများ၊ ပရဟိတအသင်းနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ယာဂီနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်း ရပ်ဝန်း အရှိန်နှစ်ခုပေါင်းဆုံခဲ့မှုကြောင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခု၌ စံချိန်တင် မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုများပြားသည့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရသည်။
ရှမ်းပြည်နယ်အတွင်းရေကြီးရေလျှံသည့် မြို့ပေါင်း (၂၂) မြို့၊ ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်ခဲ့သည့် မြို့ (၁၁)မြို့၊ စခန်းပေါင်း (၉၄) ဖွင့်လှစ်ပေးခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်မြို့ (၂၈) မြို့နယ်ရှိကြောင်း သိရသည်။
အဆိုပါ မြို့ပေါင်း (၂၈) မြို့နယ်တွင် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ် ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး စသည့် ကဏ္ဍပေါင်းစုံ ပျက်စီးခဲ့ရာ ပျက်စီးမှု တန်ဖိုး (၁၃၉.၈၂၆) ဘီလီယံ ရှိကြောင်း သိရသည်။
ရေကြီးရေလျှံခဲ့သည့်မြို့နယ်(၂၂)ခုမှ ဘေးသင့်လူဦး ရေပေါင်း (၁၉၄၁၉၆)ဦးဖြစ်ပြီး ကယ်ဆယ်ရေးစခန်းသို့ လူဦးရေ ပေါင်း (၃၀၈၆၁) ကျော် ခိုလုံခဲ့ရပြီး၊ ပြည်နယ်အတွင်း လူ(၉၂)ဦးေ-သဆုံးခြင်း၊ (၄၇)ဦးဒဏ်ရာရ ထိခိုက်ခြင်း၊ နေအိမ်ပေါင်း(၄၃၃၆၆)လုံး ရေဝင်/နစ်မြုပ်သည့် အနက် နေအိမ်ပေါင်း(၈၁၂)လုံး လုံးဝပျက်စီးခဲ့ခြင်း၊ နေအိမ်ပေါင်း (၁၄၆၁၈)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်း၊ စာသင်ကျောင်း ပေါင်း (၂၃၆)ကျောင်း၊ ဆေးရုံ/ဆေးပေးခန်း (၆၉၂)ခု ရေနစ်မြုပ်ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
