ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးသွားလျှင်လည်း လက်ရွေးစင်အသင်းနည်းပြအဖြစ် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နှင့် ထပ်မံလက်တွဲသွားဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ဒေးရွှမ့်(၅၂ နှစ်)သည် ပြင်သစ်လက်ရွေးအသင်းကို ၂၀၁၂ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က သက်တမ်းတိုးထားသည့် လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ဒေးရွှမ့်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆုကာကွယ်နိုင်ရန် အခွင့်အရေးပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
သို့သော် ယခုအခါ ဒေးရွှမ့်က လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင်လည်း ပြင်သစ်အသင်းနည်းပြအဖြစ် ဆက်ရှိနေနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေးရွှမ့်က ''ကျွန်တော့်ရဲ့ လက်ရှိစာချုပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ ရှိနေပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ကျွန်တော် ကလပ်အသင်းနည်းပြ ဖြစ်လာတော့မယ်လို့ မတွေးမိပါဘူး။ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေအားလုံးကို ကျွန်တော် ကျေနပ်ပျော်ရွှင်ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ သဘောတူညီမှုရခဲ့ရင် ၂၀၂၂ နောက်ပိုင်းမှာလည်း ကျွန်တော် ဆက်ရှိနိုင်ပါတယ်။ ရလဒ်တွေသာ ကောင်းမွန်ခဲ့ရင် ပရိသတ်တွေကလည်း ကျွန်တော့်ကို ဆက်ရှိစေချင် ပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
ဒေးရွှမ့်သည် ကစားသမားဘဝက ၁၉၉၈ ကမ္ဘာ့ဖလားနှင့် ယူရို-၂၀၀၀ ချန်ပီယံဆုတို့ ရရှိခဲ့ပြီး နည်းပြဘဝတွင် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့သလို၊ ယခု ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါက ထူးခြားသည့်မှတ်တမ်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
