ပြင်သစ်အသင်းဗိုလ်စွဲနိုင်ခြေအရှိဆုံးဟု ရွန်နီ ထင်ကြေးပေး
24htopnews | October 31, 2024 12:12 AM CST
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက လာမည့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခြေအရှိဆုံးအသင်းမှာ ပြင်သစ်ဖြစ်သည်ဟု ထင်ကြေးပေးခဲ့သည်။
ရွန်နီသည် ယူရိုပြိုင်ပွဲ၏ အလားအလာနှင့်ပတ်သက်၍ The Times တွင် ရေးသားရာ၌ ''အင်္ဂလန်က ထိပ်ဆုံး(၄)သင်းထဲမှာ ရပ်တည်နိုင်မှာဖြစ်သလို၊ ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံလည်း အဲဒီစာရင်းထဲ ရှိနေမှာပါ။ ဒါပေမဲ့ ကျွန်တော်အကြိုက်ဆုံးကတော့ ပြင်သစ်ပါပဲ။ ဘာပေ၊ ကွန်တေ၊ ဘန်ဇီမာ၊ ဂရီးဇ်မန်း၊ ပေါ့ဘာ၊ ဗာရန်း၊ လိုရစ် စတဲ့ သူတို့ရဲ့ကစားသမားတွေကို ကြည့်လိုက်ပါ။ ပြင်သစ်အသင်းက အရည်အသွေးရော အတွေ့အကြုံပါမြင့်မားပြီး ကမ္ဘာ့ဖလားချန်ပီယံဆုလည်း လောလောလတ်လတ်ရရှိထားပါတယ်။ သူတို့ ချန်ပီယံဖြစ်ဖို့အတွက် ဘာပြဿနာမှ ရှိမနေပါဘူး''ဟု ဆိုခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
