နယ်သာလန်အသင်းနှင့်အတူ ယူရိုတွင် ဗန်ဒိုက် ရှိနေမည်
24htopnews | October 31, 2024 12:12 AM CST
နယ်သာလန်အသင်းခေါင်းဆောင် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်သည် ဒဏ်ရာပြဿနာကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသော်လည်း နယ်သာလန်အသင်း၏ တရားဝင်မဟုတ်သည့် နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် အသင်းနှင့်အတူ ရှိနေမည်ဖြစ်ကြောင်း သိရသည်။
နယ်သာလန်လက်ရွေးစင်နည်းပြ ဖရန့်ဒီဘိုးဝါးက ဗန်ဒိုက်အား ယင်းကဲ့သို့ ဆောင်ရွက်ပေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။
ဒီဘိုးဝါးက ဗန်ဒိုက်သည် အသင်းအတွက် အလွန်အရေးပါသူဖြစ်ပြီး ကစားသမားများအပေါ် စိတ်ဓာတ်မြှင့်တင်မှု ပြုလုပ်ပေးနိုင်သူဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဗန်ဒိုက်သည် ၂၀၁၅ ခုနှစ်ကတည်းက လက်ရွေးစင်ဖြစ်ခဲ့သော်လည်း ယူရိုနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများကို ယှဉ်ပြိုင်ဖူးခြင်းမရှိသေးကြောင်းလည်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
