အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ရိုမေးနီးယားအသင်းကို အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲအပြီးတွင် ယူရိ်ုပြိုင်ပွဲအတွက် အပြီးသတ် (၂၆)ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ဒဏ်ရာရရှိနေသည့် လီဗာပူးလ်နောက်ခံလူ အာနိုးလ်၏ နေရာတွင် ဘရိုက်တန်နောက်ခံလူ ဘင်ဝှိုက်အား အစားထိုးရွေးချယ်ခဲ့ကြောင်း သိရှိရသည်။
ဘင်ဝှိုက်သည် ယခုခြေစမ်းပွဲ (၂)ပွဲမတိုင်မီက အင်္ဂလန်အသင်းအတွက် တစ်ကြိမ်မျှ အရွေးမခံခဲ့ရဖူးသလို၊ မည်သည့်သက်တမ်းအလိုက် ပွဲစဉ်ကိုမျှ မကစားခဲ့ဖူးဘဲ ယူရိုပြိုင်ပွဲကြီးအတွက် မထင်မှတ်ဘဲ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
မီဒီယာများနှင့် ပရိသတ်များကမူ အာနိုးလ်နေရာအတွက် နောက်ခံလူတစ်ဦးကို ပြန်အစားထိုးခြင်းအပေါ် နားလည်နိုင်သော်လည်း ဆောက်သမ်တန်အသင်း၏ ကွင်းလယ်လူ ဂျိမ်းစ်ဝက်စ်ပရောက်စ်ကို ချန်လှပ်ခဲ့ခြင်းအပေါ် ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့ကြသည်။
ဝက်စ်ပရောက်စ်၏ တည်ကန်ဘောစွမ်းရည်က အင်္ဂလန်အသင်းကို ကျဉ်းထဲကျပ်ထဲတွင် ကူညီပေးနိုင်လိမ့်မည်ဟုလည်း ယူဆနေကြသည်။
ဘင်ဝှိုက်သည် အသက် (၂၃) နှစ်အရွယ်သာရှိသေးပြီး ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီသည် သူ၏ ကစားသမားဘဝတွင် ပထမဆုံး ပရီးမီးယားလိဂ်ရာသီလည်းဖြစ်သည်။
အင်္ဂလန်အသင်းအပြီးသတ်လူစာရင်း
ဂိုး - ပစ်ဖို့ဒ်၊ ဟန်ဒါဆန်၊ ဆမ်ဂျွန်စတုန်း
နောက် - ဝေါ်လ်ကာ၊ ရီးစ်ဂျိမ်းစ်၊ ထရစ်ပီယာ၊ မက်ဂွိုင်းရား၊ ကိုအာဒီ၊ ဂျွန်စတုန်းစ်၊ တိုင်ရွန်မင်းစ်၊ ဘင်ဝှိုက်၊ လုခ်ရှော၊ ချီဝဲလ်
လယ် - ဟန်ဒါဆန်၊ ဒက်ကလန်ရိုက်၊ မေဆန်မောင့်၊ ဖီးလစ်၊ ဘယ်လင်ဟမ်
ရှေ့ - ဟာရီကိန်း၊ ကယ်လ်လ်ဗတ်လူဝင်၊ ဖိုဒန်၊ စတာလင်၊ ဂရီးလစ်ရှ်၊ ဆန်ချို၊ ဆာကာ၊ ရပ်ရှ်ဖို့ဒ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
