ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (က) ပါ အချက်များ ဖောက်ဖျက်ကျူးလွန်သော လွှတ်တော်ကိုယ်စားလှယ်များကို ထိရောက်စွာ အရေးယူနိုင်ရန်နှင့် လွှတ်တော်၏ ဂုဏ်သိက္ခာ အရည်အသွေး ပိုမိုမြင့်မားလာစေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်လာပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟု ဖော်ပြထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၉ တွင်လည်း “နိုင်ငံသားတိုင်းသည် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိပြီး သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်” ဟု ဖော်ပြထားကြောင်း ပြည်ခိုင်ဖြိုးပါတီက ကြေညာသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ (က) တွင် “လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို အောက်ပါအကြောင်း တစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်” ဟု ဖော်ပြထားပြီး အဆိုပါအချက်များမှ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်းနှင့် ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ကို ပြဋ္ဌာန်းထားကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ကြေညာချက်အရ သိရသည်။
ထို့ပြင် ပုဒ်မ ၃၉၆ (ခ) တွင်လည်း “သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်” ဟုလည်း ဖော်ပြထားကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၇ တွင်လည်း “ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍သော်လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်” ဟု ဖော်ပြထားကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်လည်းကောင်း ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူများက ဥပဒေကြမ်း ရေးဆွဲထားပြီးဖြစ်ကြောင်း ဖြေကြားခဲ့ပြီး မည်သည့်ကာလ နေ့ရက်တွင် တင်သွင်းမည်ဆိုသည်ကိုမူ တိကျစွာ ဖော်ပြ ဖြေကြားခြင်းမရှိသည်ကို တွေ့ရကြောင်း ပြည်ခိုင်ဖြိုးပါတီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
