ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်တစ်လျှောက်ရှိ အခြေအနေများနှင့်ပတ်သက်ပြီး မှားယွင်းသော သတင်းများ ထွက်ပေါ်နေခြင်းကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးကို ဆင့်ခေါ်ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မြန်မာမီဒီယာများတွင် ဖော်ပြနေမှုများသည် မှားယွင်းနေပြီး လုပ်ကြံဖန်တီးထားမှုများဖြစ်ကြောင်း မြန်မာသံအမတ်ကြီးကို ရှင်းလင်းပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဒယ်ဝါဟိုစိန်က Dhaka Tribune သတင်းစာသို့ ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရခိုင်ပြည်နယ်ရှိ နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား ပစ်ခတ်မှုကြောင့် ရဲတပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၄ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်မှုအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီ ၄၄ မိနစ်ခန့်တွင် နယ်စပ်ခြံစည်းရိုးမှ မီတာ ၂၀၀ အကွာခန့် နေရာမှ ဗုံးပစ်လောင်ချာ ဗုံးသီးလေးလုံး၊ လက်နက်ငယ် အချက် ၂၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှေ့တန်းအမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သားသန်းမြင့်တွင် လက်နက်ငယ် ရှပ်မှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ရဲတပ်သား စိုးသန်းတွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) နှင့် နယ်စပ်ခြံစည်းရိုးပြင်အ လုပ်သမားတွင် ကျော်မျိုးလွင် လက်နက်ကြီးစ ရှပ်မှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်သည့် ဖော်ပြမှုများအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက စိတ်ပျက်ကြောင်း မြန်မာသံအမတ်ကြီး လွင်ဦးကို သူ၏ရုံးတွင် ပြောကြားခဲ့သည်ဟု ဟိုစိန်ကဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှနေ၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဖြတ်ကျော်မှုမရှိခဲ့ကြောင်းနှင့် မည်သည့်ပစ်ခတ်မှုမျှ မဖြစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားခဲ့သည်။
“ဘင်္ဂလားဒေ့ရှ်ဘက်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေ မရှိဘူးဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကြံပြုချက်ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပြထားပါတယ်။ နယ်စပ်တစ်လျှောက်မှာ ပူးတွဲကင်းလှည့်ဖို့ ကျွန်တော်တို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ နေပြည်တော်က အကြောင်းမပြန်သေးပါဘူး” ဟု ဟိုစိန်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တစ်လျှောက်ရှိ ဇီးရိုးလိုင်းမှ ကိုက် ၁၅၀ အတွင်း အမြဲတမ်း အဆောက်အအုံများ တည်ထောင်နေခြင်းနှင့်ပတ်သက်၍ လာရောက်ရှင်းလင်းရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၅ ရက်ကလည်း မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
