မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် ရေပြင်နယ်နိမိတ်အား ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရေကြောင်း အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့အား ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံ အနေဖြင့် ကမ်းရိုးတန်းအရှည် မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားသည့် နိုင်ငံဖြစ်သည်နှင့်အညီ မိမိကမ်းရိုးတန်းနှင့် ရေပြင်နယ်နိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပင်လယ်ရေကြောင်း အန္တရာယ် ကင်းရှင်းရေးနှင့် ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေး စသည့် လုပ်ငန်းစဉ်များအပြင် ကမ်းလွန်တူးဖော်ရေး လုပ်ငန်းများ၊ တိုးချဲ့တည်ဆောက်လာသည့် ရေနက်ဆိပ်ကမ်းများနှင့် သဘာဝသယံဇာတများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်နှင့် လူကုန်ကူးခြင်း၊ တရားမဝင် ဝင်ရောက်ခြင်း၊ မှောင်ခိုလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း လုပ်ငန်းများ၊ တရားမဝင် ငါးဖမ်းခြင်းစသည့် ဥပဒေမဲ့ လုပ်ရပ်များကို ထိရောက်စွာ ကာကွယ်တားဆီးရန် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့အား ဖွဲ့စည်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေးအား ဇန်နဝါရီ ၂၁ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
“နိုင်ငံတကာမှာ ကမ်းခြေစောင့်တပ်ဖွဲ့အနေနဲ့ ပုံစံလေးမျိုးနဲ့ ဖွဲ့လေ့ရှိကြပါတယ်။ တစ်ချို့ကမ်းခြေစောင့် တပ်ဖွဲ့တွေက ကာကွယ်ရေး ဝန်ကြီးဌာန အောက်မှာရှိတယ်။ တစ်ချို့ပြည်ထဲရေး ဝန်ကြီးဌာနအောက်မှာ ရှိသလို တစ်ချို့ကလည်း ပို့ဆောင်ရေး ဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းထားပါတယ်။ နောက်ဆုံးတစ်မျိုးက သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်ရုံးကနေ တိုက်ရိုက်ကွပ်ကဲပြီး ဆောင်ရွက်တာလည်း ရှိပါတယ်။ ရေကြောင်းနဲ့ သက်ဆိုင်တဲ့ ပြစ်မှုဆိုင်ရာ မှုခင်းဖြစ်စဉ်တွေအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်ဆိုတာ နိုင်ငံတော်ကို အကြံပြုထားပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ဒါကို ဖြေရှင်းဖို့ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့ အသေးစိတ်လေ့လာဖို့ လမ်းညွှန်မှာကြား ထားပါတယ်” ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
