အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိ ရွှေမန်းတောင်ဂေါက်ကလပ်မှ အလုပ်ထုတ်ပယ်ခံထားရသည့် ဂေါက်အိတ်ထမ်း ကယ်ဒီအလုပ်သမားများက ၎င်းတို့၏ လုပ်အားခများ ဖြတ်တောက်ခံခဲ့ရမှုနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက လာရောက်တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ အလုပ်သမားများ၏ လာရောက်တောင်းဆိုမှုအပေါ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးခွင့်ပေးခဲ့သည်။
“ကျွန်တော်တို့ မြို့တော်ဝန်နဲ့အနည်း ငယ်ဆွေးနွေးခွင့်ရခဲ့ပါတယ်။ သူက အစည်းအဝေးလုပ်နေတာကို ခဏနားပြီးတော့ ကျွန်တော်တို့ကို လက်ခံတွေ့ဆုံဆွေးနွေးပေးတဲ့အတွက် မြို့တော်ဝန်ကို ကျေးဇူးတင်ပါတယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ အတွင်းရေးမှူးနဲ့ အဓိက ဆွေးနွေးခဲ့ရပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာနဲ့ပတ်သက်ပြီး စည်ပင်သာယာက စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ဒီကိစ္စက သူတို့လက်ထက်မှာ ဖြစ်ခဲ့တာမဟုတ်ဘဲ အရင်အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့ ပြဿနာပေါ့။ ကျွန်တော်တို့ဆီကနေ နှစ်ရှည်ကောက်ခံထားတဲ့ငွေကြေးတွေက သူတို့စည်ပင်သာယာ ဘတ်ဂျက်ထဲမှာမရှိဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို လွှဲပေးရတယ်လို့ပြောတယ်။ တိုင်းဒေသကြီးအစိုးရကနေမှ ပြန်ပြီးတော့ ဘတ်ဂျက်ခွဲဝေပေးတာပေါ့။ အခုဖြစ်တဲ့ပြဿနာကလည်း နှစ်ရှည်ငွေကြေးတွေဖြစ်နေတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြရမယ်လို့ပြောတယ်။ ကျွန်တော်တို့ အခြေခံအလုပ် သမားအဖွဲ့အစည်းကလည်း တရားဝင်အဖွဲ့ အစည်းအဖြစ် ရှိသေးလားပေါ့။ ရှိသေးတယ်ဆိုရင် စာတင်ပြပါ။ သူတို့အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးမယ်ပေါ့။ ကျွန်တော်တို့ဖြစ်ချင်တာက ရွှေမန်းတောင်ဂေါက်ကွင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ အလုပ်သမားတွေဆီကနေ အဓမ္မကောက်ခံထားတဲ့ငွေကြေးတွေက စည်ပင်သာယာရဲ့ ညွှန်ကြားချက်နဲ့ ကောက်ခံတာပါဆိုပြီး ကုမ္ပဏီဘက်က တရားဝင်ဖြေရှင်းထားတယ်။ ဒီငွေကြေးတွေနဲ့ပတ်သက်ပြီး ဖြေရှင်းပေးပါလို့ ကျွန်တော်တို့ကတောင်းဆိုတော့ ကျွန်တော်တို့ကို အလုပ်ကနေထုတ်ပစ်လိုက်တယ်။ ဒီငွေကြေးတွေကို ကောက်ခံခိုင်းခဲ့တဲ့ စည်ပင်သာယာရေးကော်မတီမှာလည်း တာဝန်ရှိ တယ်။ ကျွန်တော်တို့ အခွင့်အရေးတွေကို တောင်းဆိုလို့ အလုပ်ဖြုတ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး စည်ပင်သာယာရေးကော်မတီအနေနဲ့ ဘယ်လိုဖြေရှင်းပေးမှာလဲ။ ဘာကြောင့်ဆို ဒီငွေကြေးတွေကို ကောက်ခံခိုင်းတာက စည်ပင်သာယာက ကောက်ခံခိုင်းတာဖြစ်တဲ့အတွက် ကျွန်တော်တို့ အလုပ်ဖြုတ်ခံရတာဟာ စည်ပင်သာယာမှာလည်း တာဝန်ရှိတယ်လို့ ပြောတာပါ။ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို မြို့တော်ဝန်နဲ့ အတွင်းရေးမှူးကို တင်ပြဆွေးနွေးခဲ့ပါတယ်” ဟု ရွှေမန်းတောင်ဂေါက်ကွင်းမှ အလုပ်ထုတ်ပယ်ခံထားရသည့် အလုပ်သမားခေါင်းဆောင် ကိုသောင်းတင်ဝင်းက ပြောကြားသည်။
ရွှေမန်းတော င်ဂေါက်ကွင်းမှ ဂေါက်အိတ်ထမ်း ကယ်ဒီအလုပ်သမားများ၏ လုပ်အားခများထဲမှ ၂၀၀၆ ခုနှစ်မှစတင်ကာ ကိုးကျင်းတစ်ပတ်လျှင် ကျပ် ၅၀၀ နှုန်း ကယ်ဒီကြေးခေါင်းစဉ်ဖြင့် ကိုးနှစ်ကျော်ကြာကောက်ခံခဲ့ကြောင်း ၊ ထိုသို့ ကောက်ခံခဲ့သည့်ငွေကြေးများမှာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကောက်ခံခဲ့ကာ ယင်းကော်မတီထံသို့ ပြန်လည်ပေးသွင်းခဲ့ရသည်ဟု မန္တလေးတိုင်းဒေသကြီး အလုပ်သမား အငြင်းပွားမှုဆိုင်ရာ ခုံသမာဓိကောင်စီတွင် ကုမ္ပဏီဘက်မှချေပဖြေကြားထားကြောင်း အလုပ်သမားများ၏ မန္တလေးမြို့တော်ဝန်ထံ ပေးပို့ခဲ့သည့်စာအရ သိရသည်။
ရွှေမန်းတောင်ဂေါက်ကွင်းမှ ဂေါက်အိတ်ထမ်း ကယ်ဒီအလုပ်သမားများအား အလုပ်ရှင်က အလုပ်မှထုတ်ပယ်ခဲ့ပြီးနောက် သက်ဆိုင်ရာ အလုပ်သမားခုံသမာဓိကောင်စီတွင် ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် ခရိုင်တရားရုံးတွင်ဆက်လက်အမှုရင်ဆိုင်ခဲ့ရာ ခရိုင်တရားရုံး၏ စီရင်ချက်ချမှတ်ရာတွင် ခုံသမာဓိကောင်စီ၏ဆုံးဖြတ်ချက်နှင့် အလုပ်သမားများ၏ နစ်နာမှုများ၊ ငွေကြေးကောက်ခံမှုများ၊ အခကြေးငွေမပေးချေမှုများ၊ အစရှိသည့် အလုပ်သမားများ၏ နစ်နာမှုများကို ထည့်သွင်းစဉ်းစားမှုမပြုဘဲ အမိန့်ချမှတ်ခဲ့သောကြောင့် အလုပ်သမားများက မကျေနပ်သဖြင့် ၂၀၁၈ ခုနှစ်က ဆန္ဒထုတ်ဖော်ခဲ့သည်။
ရွှေမန်းတောင်ဂေါက်ကွင်းဘက်မှ အထွေထွေမန်နေဂျာဖြစ်သူက အလုပ်သမားများမှာ လုပ်ငန်းခွင်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့ခြင်းကြောင့် အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခုံသမာဓိကောင်စီကချမှတ်သည့် ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း ရှင်းလင်းထားသည်။
ရွှေမန်းတောင်ဂေါက်ကွင်းမှ ဂေါက်အိတ် ထမ်းကယ်ဒီအလုပ်သမားများသည် အလုပ် သမားအခွင့်အရေးများ ရရှိရေးအတွက် ၂၀၁၆ ခုနှစ်အတွင်းက အဆိုပါ ဂေါက်ကွင်း အတွင်း ဆန္ဒထုတ်ဖော်ခဲ့မှုနှင့်ပတ်သက်၍ ဂေါက်ကွင်းအတွင်းထုတ်ပြန်ထားသည့် စည်း ကမ်းချက်များကို ဖောက်ဖျက်ခဲ့သည်ဟုဆို ကာ အလုပ်သမား ၇၀ ခန့်ကို အလုပ်ကထုတ် ပယ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
