တရုတ်-မြန်မာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက နိုင်ငံ၏ သယံဇာတအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့နံနက် ၉ နာရီတွင် နေပြည်တော် Grand Amara ဟိုတယ်၌ ကျင်းပခဲ့ပြီး တရုတ်သိပ္ပံအကယ်ဒမီ (CAS) နှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့၏ (၁၀)နှစ်တာ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးက ၂၀၁၃ ခုနှစ်မှစတင်၍ တရုတ်သိပ္ပံအကယ်ဒမီ၏ စစ်ဆောင်ပါးနား အပူပိုင်းရုက္ခဗေဒဥယျာဉ် (XTBG) နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အပင်မျိုးစိတ်အသစ်များ၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်အသစ်များနှင့် ရေနေဇီဝမျိုးစိတ်အသစ်များကို သုတေသနပြုလုပ်ခဲ့ရာ အောင်မြင်ကောင်းမွန်သောရလဒ်များစွာ ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး အနာဂတ်ကာလများတွင်လည်း ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ Key Note Presentation တင်ပြခြင်း၊ တရုတ်သိပ္ပံအကယ်ဒမီမှ တာဝန်ရှိသူများက (၁၀)နှစ်တာကာလ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို တင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး၊ တရုတ်သိပ္ပံအကယ်ဒမီ(CAS)မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများ၊ နှင့် မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
