မြန်မာ-လာအိုနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လျက်ရှိသည့် အခြေအနေများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H. E. Mr. Heuangseng KHAMDALAVONG တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လာအိုသံအမတ်ကြီးမှ ယနေ့ အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌လာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ခြင်းဖြစ်ပြီး မြန်မာ-လာအိုနှစ်နိုင်ငံကြား ခိုင်မာသောမိတ်ဆွေနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သမိုင်းတစ်လျှောက် နှစ်နိုင်ငံကြား အပြန်အလှန်ကူညီဆောင်ရွက်ပေးမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-လာအိုနှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းပျံသန်းမှု၊ အပြန်အလှန် သွားရောက်လည်ပတ်မှု၊ ကုန်သွယ်မှုမြှင့်တင်နိုင်မှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများတွင် ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
