နေပြည်တော်၌ တည်ဆောက်လျက်ရှိသည့် Naypyitaw State Polytechnic University သို့ ယနေ့ အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစဉ်အတွင်း နစကဥက္ကဋ္ဌက Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် တက္ကသိုလ်ရှိ အဆောင်များအားလုံး အဆင့်မီမီတည်ဆောက်ရန်နှင့် အနာဂတ်အခြေအနေများကို ထည့်သွင်းစဉ်းစားတည်ဆောက်သင့်သည့် အခြေအနေများကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ သည် Naypyitaw State Polytechnic University ပရိဝုဏ်အတွင်းရှိ ပြေးလမ်းပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တည်ဆောက်နေမှု၊ ကျောင်းသားအိပ်ဆောင်၊ ထမင်းစားဆောင်နှင့် အားကစားခန်းမ၊ ပင်မစာသင်ဆောင်အတွင်းရှိ ကျောင်းသားစုဝေးခန်းမ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ယာယီစာကြည့်တိုက်နှင့် အထောက်အကူပြုခန်းများ ဖွဲ့စည်းထားရှိမှုများကို ကဏ္ဍတစ်ခုချင်းစီအလိုက် အသေးစိတ်လိုက်လံကြည့်ရှုခဲ့သည်။
ထို့အပြင် တက္ကသိုလ်ယာယီရှင်းလင်းဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အဆောက်အဦများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောက်လုပ်မည့် အခြေအနေများနှင့် တက္ကသိုလ်အတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်ရုပ်တုတည်ဆောက်ထားရှိမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။









-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
