ကုလသမဂ္ဂ၊အောက်တိုဘာ ၃၀
မြန်မာနိုင်ငံဆိုင်ရာကုလအထူးသံတမန်က မြန်မာ့ပဋိပက္ခသည် နှစ်ဖက်သက်ဆိုင်သူများ၏ အနိုင်အရှုံးစိတ်ဓါတ်ကြောင့်ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
အထူးသံမစ္စဂျူလီဘီးရှော့ပ်က နှစ်ဖက်သက်ဆိုင်သူများအနေဖြင့် အနိုင်အရှုံးကွဲပြားရမည်ဟူ၍မဟုတ်ပဲ အပြန်အလှန်အကြမ်းဖက်မှုများရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
၎င်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်အဖြစ်ဧပြီလကခန့်အပ်ခံရပြီးနောက် ပထမဆုံးသော ကုလ သမဂ္ဂ အထွေထွေညီလာခံ၌ ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိမှာဆိုရင် နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်သူလူထုအတွက်လိုအပ်တဲ့အခက်အခဲပြဿနာတွေကို ထိထိရောက်ရောက်မဖြေရှင်းနိုင်ပဲ အနည်းငယ်ပဲ လုပ်ဆောင်နိုင်ပါတယ်” ဟုလည်း၎င်းကဆိုသည်။
မြန်မာ့အရေးသည် အမေ့လျော့ခံအခြေအနေဖြစ်လာနိုင်သည့်အန္တရာယ်ရှိနေပြီး ဒုက္ခပေါင်းများစွာကိုခံစားနေရသည့် မြန်မာပြည်သူများသည် ပိုမိုကောင်း မွန်သောဘဝနှင့်အခွင့်အရေးကို ရသင့်ပြီဟုလည်း၎င်းကပြောကြားခဲ့သည်။
Source : သည်ဘစ်နစ်တိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
