ဒါကာ၊အောက်တိုဘာ ၃၀
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (ယူအင်န်အိတ်ခ်ျအာရ်စီ) သည် တောင်အာရှနိုင်ငံ တစ်နိုင်ငံအတွင်း ၎င်း၏လုပ်ဆောင်မှုများကို ခိုင်မာ အားကောင်းစေရန်ရည်ရွယ်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏မြို့တော် ဒါကာတွင် ရုံးခွဲတစ်ခုဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ လူမှုဝန်ထမ်းအကြံပေး Sharmeen S. Murshid သည် ဒါကာ၌ အင်္ဂါနေ့က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk နှင့်တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
“ရုံးခွဲဖွင့်မဲ့ဆုံးဖြတ်ချက်က အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ဒါကာမှာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးတည်ထောင်ရေးနဲ့ပတ်သက်ပြီး ကြားဖြတ်အစိုးရကလည်းသဘောတူညီခဲ့ပါတယ်” ဟု အဆိုပါအကြံပေးပုဂ္ဂိုလ်ကပြောကြားခဲ့သည်။
ယခုကဲ့သို့ ရုံးလာဖွင့်ခြင်းသည် ဘင်္ဂလားဒေ့ရှ်၏ လူ့အခွင့်အရေး အဆင့်အတန်းကို ခိုင်မာစေမည်ဟု လည်း၎င်းကပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
