ဟိုက်ကု၊အောက်တိုဘာ ၃၀
တိုက်ဖွန်းထရမ်မီ ကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်တွင် လူခုနစ်ဦးေ-သဆုံးကာ တစ်ဦးပျောက်ဆုံးနေခဲ့ကြောင်း ပြည်နယ်၏အရေးပေါ်စီမံခန့်ခွဲမှုဌာနအာဏာပိုင်များကပြောကြားခဲ့သည်။
ယခုနှစ်အတွက် အကြိမ် ၂၀ မြောက်တိုက်ခတ်သည့် တိုက်ဖွန်းထရမ်မီကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ ဟိုင်နန်၏ နေရာအများအပြား၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လူပေါင်း ၄၀,၀၀၀ ကျော် သည် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟုသိရသည်။
ထရမ်မီကြောင့် ဟိုင်နန်၌ ရေကြီးနိုင်ခြေ ရှိသဖြင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက နံပါတ် ၄ အဆင့်ရှိ အရေးပေါ်သတိပေးချက်လည်းထုတ်ပြန်ထားခဲ့သည်ဟုသိရသည်။
တိုက်ဖွန်းထရမ်မီကြောင့် ဟိုင်နန်ဒေသအများစု၌ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးနိုင်သဖြင့် ဝမ်ချွမ်မြစ်သည် သတိပေးချက်အဆင့်ထက်ကျော်လွန်၍ ရေလွှမ်းမိုးမှုများကြုံတွေ့လာရနိုင်သည်ဟုအာဏာပိုင်များက ပြောကြားခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် ရေကြီးရေလျှံမှု ကို တုန့်ပြန်ရေးအတွက် ရှေ့တန်းလုပ်ငန်းအဖွဲ့ကို စေလွှတ်ထားကာ အန္တရာယ်များသောဒေသများမှ လူအများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အဓိကထားလုပ်ဆောင်လျက်ရှိသည်ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
