လာဆာ၊အောက်တိုဘာ ၂၉
တရုတ်သိပ္ပံပညာရှင်များသည် ချင်းဟိုင်ရှင်ဇန်းကုန်းပြင်မြင့်ရှိ အထူဆုံးရေခဲမြစ်မှ ၃၂၄ မီတာရှိသော ရေခဲအူတိုင်ကို အောင်မြင်စွာထုတ်ယူနိုင်ခဲ့ကြောင်း အင်္ဂါနေ့ကကြေငြာခဲ့သည်။
အဆိုပါရေခဲအူတိုင်သည် ချင်းဟိုင်ရှင်ဇန်းကုန်းပြင်မြင့်ပေါ်၌ တူးဖော်ဖူးသမျှထဲတွင် အရှည်ဆုံးရေခဲအူတိုင်ဖြစ်ကာ ဝင်ရိုးစွန်းဒေသများ၏ပြင်ပ၌ တွေ့ရှိဖူးသမျှရေခဲအူတိုင်များအနက် ကမ္ဘာပေါ်တွင် အရှည်ဆုံးဖြစ်သည်ဟုလည်းသိရသည်။
ယခုလိုအောင်မြင်စွာထုတ်ယူနိုင်ရေးအတွက် လေနှင့်ဆီးနှင်းများဒဏ်ကိုကြံ့ကြံ့ခံ့ကာ တရုတ်သိပ္ပံအကယ်ဒမီမှပညာရှင်များသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅,၀၀၀ ရှိသည့် Tsonyi ကောင်တီရှိ Purog Kangri ရေခဲမြစ်၌ တစ်လကျော်ကြာကြိုးပမ်းခဲ့ရခြင်းလည်းဖြစ်သည်။
ယခုရယူနိုင်ခဲ့သည့် ရေခဲအူတိုင်သည် ၁,၉၉၂ ခုနှစ်က တရုတ်နှင့်အမေရိကန်ပညာရှင်များ ရယူနိုင်ခဲ့သည့် ၃၀၈ ဒသမ ၆ မီတာရှည် သော ရေခဲ အူတိုင်ကိုကျော်လွန်ခဲ့သည်။
ရေခဲအူတိုင်များသည် ကမ္ဘာ့ရာသီဥတုသမိုင်းနှင့် ပတ်သက်သော အရေးကြီးသည့်သတင်းအချက်အလက်များကို ပေးနိုင်သည်ဟုလည်းပညာရှင်များကဆိုကြသည်။
စာကြွင်း : ရေခဲအူတိုင်ဟူသည် ရေခဲမြစ်များနှင့်ရေခဲလွှာများမှတူးဖော်ရသည့် ဆလင်ဒါပုံရေခဲတောင့်များဖြစ်ပြီး အေးခဲနေသည့်အချိန်များတွင် သိပ္ပံပညာရှင်များအတွက် အတိတ်ကရာသီဥတုများကိုပြန်လည်ခန့်မှန်းနိုင်ရန်အထောက်အကူပြုသည်။ရေခဲအူတိုင်များ၌ပါဝင်သည့် အလွှာများသည် နှစ်များနှင့်ရာသီများနှင့်ကိုက်ညီသည်ဟုလည်းဆိုကြသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
