လူမှုကွန်ရက်မသုံးကြောင်း Ballon d'Or ဆုရှင် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ ဖွင့်ဟ
24htopnews | October 31, 2024 1:12 AM CST
၂၀၂၄ Ballon d'Or ဆုရှင်ဖြစ်သည့် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက ၎င်းအနေဖြင့် လူမှုကွန်ရက်မသုံးကြောင်း ပြောကြားခဲ့သည်။
လူမှုကွန်ရက်များမှာ နာမည်ကျော်များအတွက် ငွေအလွယ်တကူ ရနိုင်ပြီး စီရော်နယ်လ်ဒို၊ မက်ဆီတို့လို ကစားသမားများမှာ Post တစ်ခုအတွက် ဝင်ငွေများစွာ ရရှိနေကြောင်း သိရသည်။
သို့သော် တစ်ဖက်တွင်လည်း ဘောလုံးသမားများမှာ လူမှုကွန်ရက်တွင် ပရိသတ်များ၏ ဝေဖန်ဆဲဆိုမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
ယင်းအတွက် ရိုဒရီက "လူမှုကွန်ရက်တွေကို ကျွန်တော် ရှောင်ပါတယ်။ အဲဒါတွေကို ကျွန်တော် မလိုပါဘူး။ လူမှုကွန်ရက်တွေက အချိန်ဖြုန်းခြင်းပဲလို့ ကျွန်တော်နားလည်ထားပါတယ်။ ဒါပေမဲ့ တခြားလူတွေသုံးတာကို ကျွန်တော့်အနေနဲ့ မကန့်ကွက်ပါဘူး"ဟု ဆိုခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
