အာဆင်နယ်နည်းပြ အာတီတာနှင့် လီဗာပူးလ်နည်းပြ ဆလော့တို့က မန်ယူအသင်းနည်းပြရာထူးမှထုတ်ပယ်ခံရသည့် တန်ဟက်ဂ်အတွက် စိတ်မကောင်းကြောင်း ပြောကြားခဲ့ကြသည်။
မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေခြင်းကြောင့် အသင်းနည်းပြဖြစ်သူ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ကြောင်း အောက်တိုဘာ (၂၈)ရက်တွင် အတည်ပြုကြေညာခဲ့သည်။ တန်ဟက်ဂ်အတွက် ပရီးမီးယားလိဂ်နည်းပြများက စိတ်မကောင်းကြောင်း ဆိုခဲ့ကြပြီး ယင်းထဲတွင် မန်ယူအသင်း၏အဓိကပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်နှင့် လီဗာပူးလ်နည်းပြတို့လည်း ပါဝင်ခဲ့သည်။
အာတီတာက "လုပ်ဖော်ကိုင်ဖက်တစ်ယောက် အလုပ်ဆုံးရှုံးရတိုင်း စိတ်မကောင်း ဖြစ်ရပါတယ်။ သူ မန်ယူမှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူဟာ မန်ယူအသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ခဲ့ပြီး ပြောင်းလဲမှုတွေလည်း အများကြီး လုပ်နိုင်ခဲ့တာပါ။ အနာဂတ်မှာ သူ အဆင်ပြေပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်နည်းပြ အာနယ်ဆလော့ကလည်း "သူက ကျွန်တော့်လို ဒတ်ချ်လူမျိုးဖြစ်လို့ သူ မန်ယူနည်းပြရာထူးကနေ အထုတ်ခံရတာက ကျွန်တော့်အတွက် ပိုခက်ခဲပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ နည်းပြအလုပ်မှာ ဒီလိုမျိုးတွေ ဖြစ်နိုင်ပါတယ်။ သူနဲ့ သိပ်မသိပေမဲ့ သူ ဘယ်လောက် ကြိုးစားတယ်ဆိုတာ သိပါတယ်။ အခုလိုအထုတ်ခံရတာ စိတ်မကောင်းပါဘူး"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
