ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အာမိုရင်မ်က ၎င်းအား နည်းပြအဖြစ်ခန့်အပ်ရန် မန်ယူအသင်းက စိတ်ဝင်စားနေကြောင်း အတည်ပြုခဲ့ပြီး မန်ယူအသင်းကို ကိုင်တွယ်ခြင်း၊ မကိုင်တွယ်ခြင်းမှာ ၎င်း၏ရွေးချယ်မှုအပေါ်တွင် မူတည်နေကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် အောက်တိုဘာ (၂၈)ရက်(တနင်္လာနေ့)တွင် အသင်းနည်းပြ တန်ဟက်ဂ်အား ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် ခန့်အပ်ရန် စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်မ်ကို ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအနေဖြင့် အာမိုရင်မ်ကိုခေါ်ယူရန်အတွက် လျော်ကြေး ပေါင် (၈.၂)သန်း (ယူရို ၁၀ သန်း) ပေးချေရန် အသင့်ရှိနေကြောင်းလည်း သိရှိရသည်။
စပို့တင်းလစ္စဘွန်းအသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က Taca Da Liga ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နာစီယွန်နယ်အသင်းနှင့် ကစားခဲ့ပြီး (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲစဉ်တွင် စပို့တင်းလစ္စဘွန်းပရိသတ်များက ၎င်းကို အသင်းတွင် ဆက်နေရန်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။
ယင်းပွဲစဉ်အပြီးတွင် အာမိုရင်မ်က မန်ယူအသင်းနှင့်ပတ်သက်ပြီး သတင်းထောက်များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ အာမိုရင်မ်က "မန်ယူ အသင်းက ကျွန်တော့်ကို စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ မန်ယူအသင်းကို ကိုင်တွယ်မယ်၊ မကိုင်တွယ်ဘူးဆိုတာကို ကျွန်တော်ကိုယ်တိုင်ပဲ ရွေးချယ်မှာပါ။ အရာအားလုံးကိုမဆုံးဖြတ်ရသေးခင်မှာ ဆူဆူညံညံမလုပ်ချင်ပါဘူး။ ကျွန်တော့်အနေနဲ့ အခုအချိန်မှာ အသုံးဝင်တာ ပြောစရာမရှိပါဘူး။ ကျွန်တော့်အနေနဲ့ အမြဲတမ်းလုပ်နေကျလိုပဲ ကျွန်တော် လုပ်ချင်တာကို လုပ်မှာပါ"ဟု ပြောကြားခဲ့သည်။
အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းကို (၁၉)နှစ်ကြာကွာဝေးနေသည့် ပေါ်တူဂီအမှတ်ပေးဇယားချန်ပီယံဆုကို ၂၀၂၀-၂၁ ရာသီတွင် ရယူပေးခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်နွေက လီဗာပူးလ်၊ ဝက်စ်ဟမ်းအသင်းတို့နှင့် သတင်းများထွက်ခဲ့သော်လည်း စပို့တင်းလစ္စဘွန်းအသင်းကို ဆက်လက်ကိုင်တွယ်ခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
